ကရိုင်းမီးယား ကို ရုရှား နိုင်ငံတွင်း သို့ ပေါင်းစည်း ထည့်သွင်းရန် ကြိုးပမ်း ပါက သံတမန် ဆက်ဆံရေး များ ရပ် ဆိုင်း မည်ဟု ရုရှား ကို အမေရိကန် သတိပေး

ပို့စ်တင်ချိန် - 3/10/2014 08:33:00 PM


ကရိုင်းမီးယား ဒေသ အား ရုရှား သို့ ပေါင်းစည်း ထည့်သွင်း မည့် မည်သည် လှုပ်ရှား မှု ကိုမဆို ပြုလုပ် လိုက် ပါက သံတမန် ဆက်ဆံ ရေး တံခါး များ ပိတ်သွား မည် ဖြစ် ကြောင်း အမေရိကန် ပြည်ထောင်စု က ရု ရှား အား သတိပေး လိုက်သည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဂျွန် ကယ်ရီက ကရိုင်းမီးယား သည် ယူကရိန်း၏ အစိတ် အပိုင်း သာ ဖြစ် ကြောင်း ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂေလက်ဗ်ရော့အားပြော ကြားခဲ့ပြီး မော်စကိုအနေဖြင့် စစ်ရေးအရ တင်းမာ မှုများကို ရှောင်ကြဉ်သင့်ကြောင်း ပြောသည်။ ဤအတွင်း ကန် သမ္မတအိုဘားမား ကလည်း နက်ရှိုင်း လာ နေသော ယူကရိန်း အကျပ်အတည်းအကြောင်းကို ကမ္ဘာ့ ခေါင်း ဆောင် များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေ သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ရုရှားဘက်သို့ သတိပေးချက်သည် နိုင်ငံတကာ လေ့လာရေးအဖွဲ့များ ကရိုင်းမီးယား သို့ ၀င် ရောက်ခွင့်မရဘဲ ပြန်လာခဲ့ ရပြီးနောက် ပေါ် ထွက်လာခြင်းဖြစ်သည်။ ကရိုင်းမီးယားသို့ သွားရောက်ခဲ့သော ဥရောပပူးပေါင်းဆောင် ရွက်ရေးနှင့် လုံခြုံရေးအဖွဲ့  OSCE က အမ်မ် ယန့်စ်တွင် ပိတ်ဆို့ တားဆီးခံရသော ယင်း ဖြစ်စဉ်တွင် မည်သူမှ ထိခိုက် ဒဏ်ရာ ရ မှုမရှိခဲ့ ကြောင်းဆိုသည်။ OSCE အဖွဲ့သည် တတိယ အကြိမ်မြောက်အဖြစ် ကရိုင်းမီးယားသို့ ၀င်ရောက်ရန်ကြိုးစားစဉ် ထိုသို့ ရုရှားလို လားသော တပ်ဖွဲ့ များ၏ တားမြစ်ခြင်းခံခဲ့ ရခြင်းဖြစ်သည်။

လက်ရှိတွင် မော်စကိုသည် ကရိုင်းမီး ယားဒေသကို စစ်ရေးအရတင်းကျပ်စွာ ထိန်း ချုပ်ထားပြီး ၊ ရုရှား နှင့် ပေါင်းစည်းရန်လိုလား သည့် ကရိုင်းမီးယားအာဏာပိုင် များက လာ မည့်မတ် (၁၆) တွင် ယူကရိန်းနိုင်ငံမှ ခွဲထွက် ပြီး ရုရှားနှင့်ပေါင်းစည်းရေးကို ပြည်သူ့ ဆန္ဒခံ ယူပွဲ ကျင်းပ သွားရန် စီစဉ် ထားသည်။ ကန် နိုင်ငံခြား ရေးဝန်ကြီး ကယ်ရီသည် မစ္စတာ လက်ဗ်ရော့ နှင့် စနေနေ့ က တယ်လီဖုန်း ဆက် သွယ်ကာ ထိုသို့ သတိပေး ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ဝန်ကြီးဟာ ကရိုင်းမီးယားနဲ့ ယူကရိန်း နိုင်ငံတွင်း အခြားနေရာတွေမှာ စစ်ရေးအရ ကျူးကျော်မှုတွေနဲ့ တင်းမာမှုတွေ ဆက်ဖြစ် နေ တာ ကို ရပ်ဆိုင်းဖို့ ရှင်းရှင်းလင်းလင်းပဲ သတိပေးခဲ့ပါတယ်။ ရုရှားအနေနဲ့ ကရိုင်းမီး ယားကို သိမ်းသွင်းဖို့ ကြိုးစားမယ်ဆိုရင် သံတ မန် ဆက်ဆံရေး တွေ ရပ်ဆိုင်း သွားမယ် လို့ ပြောခဲ့ပါတယ်””ဟု ကန်နိုင်ငံခြားရေး ၀န်ကြီး ဌာနပြောခွင့် ရ ပုဂ်္ဂိုလ် က ပြောသည် ။ ရုရှား သမ္မတ ပူတင်ဘက် ကမူ ၎င်း တွင် ကရိုင်းမီးယားမှ ရုရှားလူမျိုးများနှင့် ရုရှား အကျိုးစီးပွားကို ကာကွယ်ပိုင်ခွင့်ရှိ ကြောင်း ပြောကြားထားသည် ။

အကျပ်အတည်းဖြစ်ပေါ်နေမှု အဆုံး သတ်ရေးအတွက် သံတမန် ရေး နည်းလမ်း များဖြင့် ကြိုးပမ်း သည့် အ နေ ဖြင့် ကန်သမ္မတ အိုဘားမားသည် စနေနေ့က ဗြိတိန်ဝန်ကြီး ချုပ် ဒေးဗစ်ကင်မရွန်း၊ အီတလီ ၀န်ကြီးချုပ် မတ်တီယို ရန်ဇီနှင့် ပြင်သစ်သမ္မတ ဖရန်ဆွာ သြော်လွန်တို့နှင့်လည်း တစ်ဦးချင်း တယ်လီ ဖုန်း ဆက်သွယ်ကာ ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြောင်းဆိုသည်။ အိမ်ဖြူမှ ထုတ်ပြန်သည့် ကြေညာချက် တွင်လည်း “ခေါင်းဆောင် တွေဟာ ရုရှားရဲ့ နိုင်ငံတကာဥပဒေချိုး ဖောက်မှုကို အလွန် အမင်း စိတ်ပူကြောင်းနဲ့ ယူကရိန်း ရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေ ပိုင်နက်တည်ရှိမှုကို ထောက်ခံအားပေး ကြောင်း ထပ်မံ အတည်ပြုပြောကြားခဲ့ပါတယ် ဟု ဖော်ပြသည်။ အိုဘားမားသည် အရှေ့ ဥရောပမှ အခြားဆိုဗီယက်ပြည်ထောင်စုဝင် ဟောင်းဘောလ် တစ်နိုင်ငံ သုံး ခုဖြစ် သည့် လတ်ဗီးယား၊ လစ်သူ ယေးနီးယား နှင့် အက် စတိုးနီးယား တို့ မှ သမ္မတ သုံးဦးနှင့်လည်း ဖုန်း ဆက် သွယ်ကာကွန်ဖရင့် ပြုလုပ်ခဲ့ကြောင်း ဆိုသည်။

Messenger News Journal