မီးနီကို ဖြတ်မောင်းသဖြင့် ယာဉ်တိုက်မှုဖြစ်

ပို့စ်တင်ချိန် - 3/10/2014 11:38:00 PM


ရန်ကုန်၊ မတ် ၁၀

၉.၃.၂၀၁၄ ရက်နေ့ ၂၂၅၀ အချိန် တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်း အတိုင်း အရှေ့မှအနောက်သို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ယာဉ်မောင်း ဦးသက်ထွန်း မောင်းနှင်လာသည့် 4F----MAZADA DEMIO ၀က်ဂွန်အ၀ါရောင်အငှားယာဉ်သည် သစ္စာမီးပွိုင့်အရောက်တွင် မီးနီကိုဖြတ်မောင်းစဉ်

ဝေဇယန္တာလမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း ဦးမျိုးမြင့် မောင်းနှင်လာသည့် CC---- CHERRY QQ အနီရောင်အငှားယာဉ်အား ၀င်ရောက်တိုက်မိပြီး သစ္စာလမ်းတွင် မီးနီမိ၍ ရပ်ထားသော ယာဉ်မောင်း ကိုအောင်ကျော်စိုး မောင်းနှင်သည့် ၇က/---- မတ်တူးခဲ့ရောင်ယာဉ်အား ဆက်လက်ဝင်ရောက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် CC---- ယာဉ်ပေါ်မှ ယာဉ်မောင်းဦးမျိုးမြင့်ပါ(၄)ဦး တွင် ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိခဲ့ကြသဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံ၌
ပြင်ပလူနာများအဖြစ် ဆေးကုသမှုခံယူခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ 4F ---- ယာဉ်မောင်း ဦးသက်ထွန်းကို တောင်ဥက္ကလာပမြို့မရဲစခန်း ယာဉ်(ပ) ၁၆/၂၀၁၄၊
ပုဒ်မ ၂၇၉/၃၃၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police