နောက်ဘီးပေါက်၍ ယာဉ်တိမ်းမှောက်

ပို့စ်တင်ချိန် - 3/10/2014 08:29:00 PM


နေပြည်တော်၊ မတ် ၁၀

၂၀၁၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့ ညနေ ၅ နာရီအချိန် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၀၃/၃-၄)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ မြို့ချောင်းအမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှနေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ ကျော်ဇင်လတ်(၃၅)နှစ် မောင်းနှင်လာသည့် 8F။xxxx လိုက်ထရပ်အဖြူရောင်ယာဉ်သည် ၀ဲဘက်နောက်ဘီးပေါက်ကာ အရှိန် မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ အမိုးကိုင်းပိန်ချိုင့်ပျက်စီး၊ တန်ဘိုးငွေကျပ်(၁၀)သိန်းခန့် ဆုံးရှုံးခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်ဇင်လတ်အား မြို့ချောင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။ —

ရဲဇာနည်