ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်

ပို့စ်တင်ချိန် - 3/10/2014 12:54:00 PM






ရန်ကုန်၊ မတ် ၁၀

၁၀.၃.၂၀၁၄ရက်နေ့ ၀၂၁၀အချိန်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၃)ရပ်ကွက်၊ ရွှေတောင်ကြား(၅)လမ်းရှိ အေးရတနာသံနန်းဆွဲလုပ်ငန်း အဆောက်အအုံအတွင်း အသုံးပြုထားသော ဟောင်းနွမ်းဆွေးမြေ့နေ
သည့် လျှပ်စစ်ဝါယာကြိုးများအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး လုပ်ငန်းသုံးဖွဲများသို့ကူးစက်လောင်ကျွမ်းကာ အဆောက်အအုံကို မီးစွဲလောင်ခဲ့သဖြင့် မီးသတ်ယာဉ်များရောက်ရှိငြှိမ်းသတ်ခဲ့၍ ၀၂၅၆အချိန် တွင် မီးငြိမ်းသွားခဲ့ပြီး တန်ဘိုးငွေကျပ်(၁၁)သိန်းခန့်ဆုံးရှုံးခဲ့ပါသည်။

ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လုပ်ငန်း၊အဆောက်အအုံပိုင်ရှင် ဦးခင်မောင်လွင်(ဘ)ဦးတင်အေး၊ ပုဇွန်တောင်မြို့နယ်နေသူကို ဒဂုံတောင်မြို့မရဲစခန်း (ပ)၂၅၀/၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police