ရှမ်းပြည်နယ်မှ မကြည်ဝင်း လယ်တောသူ အလှမယ်ဖြစ်လာ

ပို့စ်တင်ချိန် - 3/10/2014 08:05:00 PM


မိုးမြင့်ကျော်(မြစ်မခ)၊ ရန်ကုန်၊ မတ်-၉

ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုဦးစားပေး ရွေးချယ်သည့် လယ်တောသူအလှပြိုင်ပွဲ (2014 Miss Farmer) ၌ ရှမ်းပြည်နယ်မှ မကြည်ဝင်းက ပထမဆု ရရှိသွားပြီး ဧရာဝတီတိုင်းဒေသကြီးမှ မေချိုသော်ကဒုတိယ၊ တနင်္သာရီတိုင်း ဒေသကြီးမှ
မြတ်နိုးဦးက တတိယဆု အသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။လယ်တောသူ အလှပြိုင်ပွဲကို မတ် ၈ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ MCC ခန်းမ ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် ပထမဆုအဖြစ် ငွေ ကျပ် သိန်း ၅၀ နှင့် ရွှေသုံးကျပ်သား၊ ဒုတိယဆုအဖြစ်ကျပ်သိန်း ၃၀၊ တတိယ ဆုအဖြစ် ကျပ်သိန်း ၂၀ အပြင် နိုင်ငံခြား ခရီးစဉ် လိုက်ပါခွင့်ရရှိကြောင်းကိုလည်း သိရသည်။ ထို့အပြင် ပရိသတ်အကြိုက်ဆု (Member Choice) ဆုအဖြစ်
မချောစုမွန်အောင်၊ ငျြ ဏ့သအသါနညငခ ဆုကို မနွေးနုနုလှိုင်တို့က ဆု ကြေးငွေကျပ် ၁၀ သိန်းစီ ဆွတ်ခူးရရှိခဲ့ ကြသည်။ဒုတိယအကြိမ်
ဒုတိယအကြိမ် လယ်တောသူ အလှမယ်ပြိုင်ပွဲ ၂၀၁၄ (Miss Farmer Contest 2014) ကို ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်း၏ အသင်းနှစ်ပတ်လည် အထွေထွေအစည်း အဝေးနှင့် မြန်မာ့လယ်ယာ ထွက်ကုန်တန်ဖိုးမြှင့် စက်ကိရိယာပြပွဲ (၂၀၁၄)၌ ထည့်သွင်းကျင်းပခဲ့
ခြင်းဖြစ်သည်။

အဆိုပါ လယ်တောသူ အလှမယ် ပြိုင်ပွဲအတွက်လူတွေ့စစ်ဆေးမှုကို
ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်ခဲ့ကြောင်း အကြိုပြိုင်ပွဲဝင် စစ်ဆေးခြင်း ပထမဆင့်ကို UMFCCI ၌ ကျင်းပခဲ့ပြီး အကြို ပြိုင်ပွဲစစ်ဆေးခြင်း ဒုတိယအဆင့် ကို ဖေဖော်ဝါရီ ၂၇ ရက်ကကျင်းပခဲ့သည်။

ပထမအကြိမ် လယ်တောသူ အလှမယ်ရွေးချယ်ပွဲကို ပြီးခဲ့သည့်နှစ်က
MCC ခန်းမ၌ ကျင်းပခဲ့ပြီး လယ်တောသူစစ်စစ်များသာ ၀င်ရောက်ယှဉ်ပြိုင်မှု များကြောင်း၊ အဆိုပါပြိုင်ပွဲ၌ လယ်သူမ တစ်ဦးတတ်မြောက်သင့်သည့်
အရာများကို ထည့်သွင်းယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်း ပထမအကြိမ် လယ်တောသူ အလှမယ် ရွေးချယ်ပွဲတက်ရောက်ခဲ့သူတစ်ဦးက ပြောဆိုခဲ့ သည်။

စံတော်ချိန် သတင်းစာ