မလေးရှားအဲလိုင်းမှ ပျောက်ဆုံးနေတဲ့လေယာဉ် MH370 ရှာဖွေနေမှု အခြေအနေ

ပို့စ်တင်ချိန် - 3/10/2014 03:55:00 PM


Blue Hawks of Helicopter Maritime Strike Squardron SEVEN EIGHT ( HSM-78 ) မှ A.U.S ရေတပ်အင်အားစု MH-60 ဟာ အခုလေးတင်ပဲ လေယာဉ်တင်သဘောင်္ Arleigh Burke-class destroyer USS Pinckney ( DDG 91 ) ဆီကနေ ထွက်ခွာပျံသန်းသွားပြီဖြစ်ပါတယ် ။

မလေးရှားအဲလိုင်းမှ ပျောက်ဆုံးနေတဲ့လေယာဉ် MH370 ကို ရှာဖွေဖို့အတွက်ဖြစ်ပါတယ် ။ အရင်စေလွှတ်ထားတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ သတင်းကို U.S. 7th Fleet ကအခုလိုပြောခဲ့ပါတယ် ။

- ဆယ်နာရီခွဲအကြာ ရှာဖွေမှုတွေပြုလုပ်ခဲ့တဲ့ MH-60R ဟာ ဒီနေ့မှာ အရှေ့ဖက်ဧရိယာတွေကို ရှာဖွေနေပါပြီ ။ လိုအပ်ရင် ညဖက်အချိန်တွေမှာပါ Infra-red ( FLIR ) ကင်မရာတွေသုံးပြီးရှာဖွေမှုတွေဆက်လက်ပြုလုပ်သွားမှာပါ ။

- ဒီနေ့ Navy P-3 ဟာ မလေးရှား အနောက်ဖက်ဧရိယာတွေကို ရှာဖွေခဲ့တယ် ။ Malacca ရဲ့ မြောက်ဖက်စွန်း အပိုင်းတွေကိုပေါ့ ။ P 3 ဟာ တစ်နာရီကို 1500 square miles နှုန်းဖြန့်ကျက် ရှာဖွေဆောင်ရွက်နေပါတယ် ။

- လေယာဉ်ပျက်ကျတယ်ဆိုတဲ့တရားဝင်အထောက်အထားအစိတ်အပိုင်းတွေကိုအခုထိရှာမတွေ့သေးပါဘူး ။ ရေထဲမှာရှိတဲ့ သေးငယ်တဲ့အစိတ်အပိုင်းတွေကိုပဲဖြစ်ဖြစ် ရှင်းရှင်းလင်းလင်းသိရအောင် ကျွန်တော်တို့ရှာဖွေရေးအဖွဲ့တွေလုပ်ဆောင်နေကြပါတယ် ။ ဒါပေမယ့် အားလုံးဟာ အမှိုက်တွေလား သစ်သားတွေလားဆိုတာ ခွဲခြားဖို့တော့အရမ်းအလှမ်းဝေးပါတယ် ။

- မီဒီယာတွေကနေပြီး ပြတင်းတံခါးတွေနဲ့ မှန်ဘောင်တွေကို ရှာတွေ့တယ်ဆိုတဲ့သတင်းတွေကို ကျွန်တော်တို့ဖတ်ရပါတယ် ။ ဒါပေမယ့် အဲဒီ report တွေကို ကျွန်တော် သက်သေမပြုသေးနိုင်ပါဘူး ။

https://www.facebook.com/7thfleet

သက်တန့်ချို