အသက် ၈ နှစ်နဲ့ ကျွန်အဖြစ်ရောင်းချခံခဲ့ရတဲ့ မိန်းကလေး

ပို့စ်တင်ချိန် - 3/10/2014 10:31:00 AM


၁၉၉၈ ခုနှစ်၊ အသက် ရှစ်နှစ် အရွယ် မှာ ကျွန် အဖြစ် ရောင်းချ ခံထား ရတဲ့ ကောင်မ လေး တစ်ဦးဟာ အသက် (၂၄) နှစ် အရွယ် မှာ သူ့ရဲ့ ဘ၀ ဇာတ် ကြောင်း နဲ့ ပတ်သက် ပြီး စာအုပ် အ ဖြစ် ရေးသား ထုတ် ဝေ လိုက်ပြီ ဖြစ်ပါ တယ်။ ရှာယီ မာဟောလ် အမည်ရ ကောင်မလေး ဟာ အီဂျစ် နိုင်ငံ မှာ မိဘ ဖြစ်သူ တွေနဲ့ အတူ နေထိုင် ခဲ့ပါတယ်။ ဒါပေမဲ့ ဟောလ်ရဲ့ မိဘတွေဟာ ဆင်းရဲလွန်းတာမို့ သူ့ကိုချမ်းသာ တဲ့ မိသားစု ထံ ကျွန် အ ဖြစ် ရောင်းချမှု ပြုလုပ်ခဲ့ပါတယ်။ ဟောလ်ဟာ မွေးချင်း (၁၁) ဦးထဲက တစ်ဦး အပါအ၀င်ဖြစ်ပြီး အစ်မဖြစ်သူက သူဌေးအိမ် မှာ သွားရောက်အလုပ်လုပ်ရာမှာ ပစ္စည်းခိုးခဲ့ တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ဒီနောက် သူဌေး အိမ်က လူတွေက လူစားလဲ ပေးဖို့ ပြောရာက နေတစ်ဆင့် ဟောလ်ဟာ ကျွန်ဘ၀ကို စတင် ရောက်ရှိသွားခဲ့ခြင်း ဖြစ်ပါ တယ်။ ဟောလ်ရဲ့ မိဘတွေဟာ ကြွေးမဆပ်နိုင်လို့ သူဌေးမိသားစု ထံ ရောင်းချလိုက်ခြင်းဖြစ်ပါတယ်။ ဟောလ် ဟာ လေးနှစ်တာကာလအတွင်း ကျွန်တစ်ဦး လို လုပ်ကိုင်ခဲ့ရပါတယ်။

တစ်နေ့ ကို အလုပ်ချိန်နာရီ (၂၀) ရှိခဲ့ ပြီး ထမင်းလည်း တစ်နပ်သာ စားခဲ့ရပါတယ်။ ဒီနောက် သူဌေး မိ သားစုဟာ အီဂျစ်ကနေ အမေရိကန်ကို ပြောင်း ခဲ့ရာမှာ ဟော်လ် လည်း လိုက်ပါ ခဲ့ပါတယ်။ အမေ ရိကန်ကို ရောက် ပြီး တဲ့နောက်မှာလည်း ဟောလ်ရဲ့ဘ၀က ပြောင်း လဲသွား ခြင်း မရှိဘဲ ကျွန်တစ်ဦးလို ဆက်ဆံ ခံရပြီး သူဌေးမိသားစုက အပြင်ကလူတွေ နဲ့ စကားပြောဆိုခဲ့ရင် ရိုက်နှက်ခံရမယ်လို့ ခြိမ်း ခြောက် ခဲ့ပါတယ်။ နောက် ဆုံး ဟောလ်ဟာ ကံကောင်းခဲ့ပြီး အဲဒီအိမ်ကနေ လွတ်မြောက် ခဲ့ပြီး တာဝန်ရှိသူတွေကို တိုင်ကြားခဲ့ပါတယ်။ သူ ဌေးလင်မယားဟာ ထောင် သုံးနှစ် ချမှတ် ခံခဲ့ရပါတယ်။

ဟောလ်ဟာ လက်ရှိအချိန်မှာ သာယာ တဲ့မိသားစုဘ၀ကို ပိုင်ဆိုင်ထားပြီး ကျွန်စနစ် သမိုင်း စာ အုပ် တွေမှာ မရှိဖို့ သူ့ရဲ့ ဘ၀ ဇာတ် ကြောင်းကို စာအုပ် အဖြစ် ရေးသား ထုတ်ဝေ ခဲ့ခြင်း ဖြစ်ကြောင်း ဖွင့်ဟ ခဲ့ပါ တယ်။

Credit: MWD