တတိယနှစ် ကွန်ပျူတာ ကျောင်းသူတစ်ဦး ကားတိုက်ခံရ

ပို့စ်တင်ချိန် - 3/10/2014 08:29:00 PM


ရန်ကုန် မဇ္ဈိမ။ ။ အရှေ့ဒဂုံမြို့နယ်တွင် တတိယနှစ် ကွန်ပျူတာ ကျောင်းသူတစ်ဦးကို မော်တော်ယာဉ် တစ်စီးက ဝင်တိုက်မိမှုတစ်ခု မတ်လ ၉ ရက် ၇နာရီကျော်က ဖြစ်ပွားခဲ့သည်။

(၉)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းအတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသည့် ယာဉ်အမှတ်၊ အမျိုးအစား မသိ ယာဉ်က ဆုပြည့်စုံ အမျိုးသမီး သီးသန့်ဘောဒါဆောင်ရှေ့အရောက် ဝဲဘက်လမ်းစပ်တွင် လမ်းလျှောက်နေသည့် ကွန်ပျူတာ ကျောင်းသူကို ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ကနဦးယူဆထားသည်။

အဆိုပါ ကျောင်းသူမှာ ဆုပြည့်စုံဘော်ဒါဆောင် တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ရွှေပြည်သာ ကွန်ပျူတာ တက္ကသိုလ်တွင် တတိယနှစ်အဖြစ် တက်ရောက်နေသည့် မဥမ္မာ (၁၉)နှစ်ဆိုသူ ဖြစ်သည်ဟုလည်း ရဲက အတည်ပြုထားသည်။

ယာဉ်တိုက်မှုကြောင့် သူမတွင် ဦးခေါင်းနောက်စေ့ဖူးရောင်၊ ဝဲယာက်လက်ပုခုံး ပွန်းစုတ်၊ ဝဲမျက်ခုံးအထက်ပွန်းစုတ်၊ နဖူးပွန်းစုတ်၊ ဝဲပုခုံးပွန်းစုတ်၊ ဒဏ်ရာများ ရရှိသဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးမှ တင့် ရန်ကုန်ဆေးရုံကြီးသို့ အတွင်လူနာ (စိုးရိမ်ရ) အဖြစ် တင်ပို့ကုသထားရသည်ဟု ဆိုသည်။

ဖြစ်စဉ်တွင် ယာဉ်မောင်းနှင်သူမှာ ထွက်ပြေးသွားခဲ့သဖြင့် ဖမ်းဆီးအရေးယူပေးရန် ရဲအုပ် မျိုးလင်းအောင် တပ်ဖွဲ့စု (၄၀ ဒဂုံအရှေ့မြို့နယ်)က တရားလိုပြုလုပ် တိုင်တန်းထားသည်။

ထို့ကြောင့် မြို့နယ်ရဲစန်းက ယာဉ်(ပ) ၅/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူကို စုံစမ်းရှာဖွေနေကာ ပုဒ်မ ၃၃၈/၂၀၂ တို့ဖြင့် အရေးယူသွားမည်ဟု ဆိုသည်။

Mizzima Burmese