မြန်မာနိုင်ငံမှာ (၉-၃-၂၀၁၄)ရက်နေ့ ညနေ(၃း၄၁)နာရီအချိန်မှာ တောမီးလောင်ကျွမ်းနေတဲ့နေရာပေါင်း (၈၉၈) နေရာကို တွေ့ရှိ ထား

ပို့စ်တင်ချိန် - 3/10/2014 02:00:00 PM


ဆရာ ဒေါက်တာထွန်းလွင်ပြောပြတဲ့ ဆူမတြာကျွန်းပေါ်မှာ မီးခိုးငွေ့တွေထွက်နေတဲ့ hotspot နေရာပေါင်း (၂၁၀) နဲ့ မလေးကျွန်းဆွယ်ပေါ်မှာ နေရာပေါင်း (၁၁၀) ကိုတွေ့ တဲ့ အကြောင်းရင်းဖြစ်ပါတယ်။ အခုလို ပြောကြားပေးတဲ့အတွက် ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။

ဆူမတြာကျွန်းကစတဲ့ မြုမီးခိုးတွေ
Haze News Update
၁၀-၃-၂၀၁၄
(၉း၁၃) နာရီ

(၁) ဆူမတြာကျွန်းကစတဲ့ မီးခိုးငွေ့တွေ (၈-၃-၂၀၁၄)ရက်နေ့မှာ ဂြိုဟ်တု တိုင်းတာချက်တွေ အရ ဆူမတြာကျွန်းပေါ်မှာ မီးခိုးငွေ့တွေထွက်နေတဲ့ hotspot နေရာပေါင်း (၂၁၀) နဲ့ မလေးကျွန်းဆွယ်ပေါ်မှာ နေရာပေါင်း (၁၁၀) ကိုတွေ့ ရပါတယ်။ မီးခိုးငွေ့တွေ ထွက်လာမှုဟာ ပိုမို ထူထပ်သိပ်းသည်းလာတဲ့အပြင် ပိုမိုကျယ်ပြန့်လာနေတာကို တွေ့နေရပါတယ်။

(၂) စင်္ကာပူမှာတော့ အခြေအနေ ကောင်းနေဆဲပါ။ PSI အများဆုံး 46 ဘဲ ရှိပါသေး တယ်။

(၃)မလေးရှားမှာတော့ အခြေအနေ စဆိုးစပြုနေပါပြီ။ PSI အများဆုံး 154 ရှိနေပြီး၊ Unhealthy Condition ဖြစ်နေပါပြီ။

(၄) မြန်မာနိုင်ငံမှာ (၉-၃-၂၀၁၄)ရက်နေ့ ညနေ(၃း၄၁)နာရီအချိန်မှာ
တောမီးလောင်ကျွမ်းနေတဲ့နေရာပေါင်း (၈၉၈) နေရာကို တွေ့ရှိ ထားပါတယ်။

ဒေါက်တာထွန်းလွင်