နှစ်စဉ်သစ်ခိုးထုတ်မှု ဖမ်းဆီးနေသော်လည်း ကျဆင်းသွားခြင်းမရှိ

ပို့စ်တင်ချိန် - 4/30/2014 02:45:00 PM


တရားမဝင် သစ်တန်ချိန် သုံး သောင်းနှင့်အထက် နှစ်စဉ်ဖမ်းမိနေ သော် လည်း မှောင်ခိုသစ်ထုတ်ယူမှုမှာ ကျဆင်းသွားခြင်းမရှိဘဲ များပြားလာ သည့်အတွက် ထိရောက်စွာဖြေရှင်းရန် လိုအပ်ကြောင်း သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြောသည်။ မြန်မာ့သစ်လုပ်ငန်းမှ ဒုအထွေ ထွေ

မန်နေဂျာဦးဝင်းနိုင်က သစ်တော ဦးစီးဌာနသည် ဖမ်းဆီး ရရှိသော တရားမဝင်သစ်များကို မြန်မာ့သစ်လုပ်ငန်းသို့ လွှဲပြောင်းပေးအပ်ပြီး ၎င်းတို့က သစ်အတန်းအစားခွဲခြား၍ ပြည်ပကိုတင်ပို့ ကြောင်း ပြောသည်။

''လွှဲပေးတဲ့သစ်တွေကို အမျိုးအ စား ခွဲပြီးပြည်ပရောင်းတန်းဝင်ရင် ရောင်း တယ်။ အရည်အသွေးညံ့ရင်တော့ ပြည် တွင်းမှာပဲ ရောင်းပေးတယ်''ဟု အထက် ပါပုဂ္ဂိုလ်က ဆက်ပြောသည်။ ၂ဝဝ၃ ခုနှစ်မှ စ၍ ၂ဝ၁၄ ခုနှစ် အထိ သစ်တောဦးစီးမှ ဖမ်းဆီးရရှိခဲ့ သည့် တန်ချိန်မှာ ၁ဝ နှစ်အတွင်း ၄ဝ၆ဝ၅၁ တန်ရှိသည်ဟု ၎င်းဌာနမှ ဒုညွှန်မှူး ဦး ဇော်ဝင်းထံမှ သိရသည်။ အစိုးရသည် ပြည်ပသို့သစ်အလုံးလိုက် တရားဝင်တင်ပို့ခွင့်ကို ယခုလ
၁ ရက်တွင် စတင်ရပ်ဆိုင်းခဲ့သည်။

Popular Journal