ဈေးချိုချိုနဲ့ ကလေးလိုချင်သလား

ပို့စ်တင်ချိန် - 4/30/2014 05:27:00 AM


အမေရိကန်ပြည်ထောင်စု ကိုလိုရာဒို၊ ဘူလ်ဒါ တက္ကသိုလ်ကနေ IVF ပြင်ပသန္ဓေတည်နည်းနဲ့ ကလေးရအောင် လုပ်းနည်းကို ဈေးသက်သာတဲ့နည်း တီထွင်လိုက်ပါတယ်။ တကြိမ်ကြိုးစားမှု ‘ဆိုက်ကယ်’ တခုအတွက် ဒေါ်လာ ၂၅ဝ သာ ကုန်ကျပါတော့မယ်။
‘မျိုးဥထွက်ဆေးကို Generic fertility drugs ဆေးနာမည်ရင်းနဲ့လာတာကိုသာ သုံးမယ်။ ဓါတ်ခွဲခန်းသုံး ပစ္စည်း ကိရိယာတွေကိုလဲ အခြေခံကျတာတွေကိုသာ သုံးမယ်’ လို့ သြစတေးလျ၊ မဲလ်ဘုန်း၊ Monash မိုနက်ရှ် တက္ကသိုလ် ပါမောက္ခ Gab Kovacs ‘ဂဘ် ကိုဗက်စ်’ ကနေ မကာအိုမှာ ကျင်းပတဲ့ ၁၉ ကြိမ်မြောက် Controversies in Obstetrics, Gynecology & Infertility (COGI) ကမ္ဘာ့ကွန်ကရက်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
စမ်းသပ်ဖန်ပြွန် ၂ ချောင်း၊ ဈေးမကြီးတဲ့ဓါတ်ပစ္စည်းတွေ၊ Low-cost embryo culture method ဈေးနှုန်း ချိုသာတဲ့ သန္ဓေမွေးယူနည်းကို တီထွင်လိုက်တာဖြစ်ပါတယ်။ လက်ရှိသုံးနေတာက ဒေါ်လာ ၆ သောင်းတန် Incubator ‘အင်ကျူဘေတာ’ ထဲမှာ လုပ်ရတာဖြစ်တယ်။
စမ်းသပ်ဖန်ပြွန် နံပါတ် (၁) ထဲမှာ Citric acid ‘ဆစ်တရစ်အက်စစ်’ နဲ့ Sodium bicarbonate ‘ဆိုဒီယမ် ဘိုင်ကာဗွန်နိတ်’ တွေသုံးမယ်။ Carbon dioxide solution ကာဗွန်ဒိုင်အောင်ဆိုက်ရည် ရလာမယ်။ ဒီဟာက Fertilization မျိုးစပ်ဘို့ အကောင်းဆုံးအခြေအနေတရပ်ဖြစ်တယ်။
အဲဒီအခါ စမ်းသပ်ဖန်ပြွန် နံပါတ် (၂) ထဲထည့်မယ်။ Oocytes မျိုးဥ နဲ့ Sperms သုက်ပိုးတွေကို ဆေးထိုးအပ်နဲ့ ထည့်ပေးမယ်။ ရလာတဲ့ သန္ဓေသားကို အနုကြည့်မှန်ဘီလူးနဲ့ စစ်ဆေးမယ်။ နောက် အောင်မြင်တာကို သားအိမ်ထဲကို ပြောင်းထည့်ပေးပါတော့မယ်။
‘ဒီဈေးချိုတဲ့နည်းသစ်ကို အသက် ၃၆ နှစ်အောက် အမျိုးသမီးတွေမှာ မျိုးဥ (၈) ခုရစေတဲ့နည်းနဲ့ဆက်လုပ်တာမှာ သုံးနေတဲ့ IVF culture systems ဈေးကြီးနည်းနဲ့ အောင်မြင်နှုန်း မကွာလှတာတွေ့ရပါတယ်’ လို့ European Society of Human Reproduction and Embryology 2013 Annual Meeting မှာဆိုထားပါတယ်။
ကိုယ်ဝန်ရနှုန်း ၃ဝ့၎% ရှိတယ်။
ဒီနည်းသစ်ကြောင့် ချမ်းသာသူတွေသာမက အသင့်အတင့်တတ်နိုင်သူတွေပါ ကလေးရစေဘို့ လက်လှမ်း မီလာတော့မှာ ဖြစ်ပါတယ်။

In vitro fertilization (IVF) ပြင်ပမှာ သန္ဓေတည်စေနည်း http://dts-medicaleducation-adult.blogspot.in/2014/04/in-vitro-fertilization-ivf.html

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၄