မိတ္ထီလာတွင် ရင်ချင်းဆက် နွားအမြွှာပူး မွေးဖွား၊ မိနစ် ၂၀ခန့်အကြာတွင် သေဆုံး

ပို့စ်တင်ချိန် - 4/30/2014 02:56:00 PM

ဓာတ်ပုံ - အင်တာနက်မှ မွေးကင်းစ နွားသားပေါက်

မိတ္ထီလာ ဧပြီ ၂၉

မိတ္ထီလာမြို့ ရုံးတောကျေးရွာ အုပ်စု ရုံးတောကြီးကျေးရွာရှိ ဒေသခံ တစ်ဦး မွေးမြူထားသည့် နွားမ (မတမ်း) မှ ဧပြီ ၂၇ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ရင်ချင်းဆက် နွားအမြွှာပူးနှစ်ကောင် မွေးဖွားပြီး မိနစ် ၂ဝ ခန့်အကြာတွင် သေဆုံးသွား ကြောင်း သိရသည်။

“ထူးထူးခြားခြား နွားရင်ချင်းဆက် အမြွှာမွေးတာဆိုတော့ ပတ်ဝန်းကျင် ကျေးရွာတွေက လာကြည့်တဲ့ သူတွေကလည်း စည်ကားနေတာ။ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မွေးတာ။ မွေးပြီးတော့ မိနစ် ၂ဝ ခန့်အထိ နှစ်ကောင် စလုံးအသက်ရှူတယ်၊ ပြီးမှသေသွားတာ။ မွေးတဲ့ မိခင်နွားမက ပထမဆုံး သားကျတဲ့ (မတမ်း) ဖြစ်ပါတယ်။

အသက် သုံးနှစ်လောက်ပဲရှိသေးတယ်။ မွေးဖွားတဲ့ရက်ကလည်း ရက် ပြည့်ပြီး လေး၊ ငါး၊ ၁ဝ ရက်တောင် လွန်နေပါသေးတယ်။ တန်ခူးလပြည့် ကျော် ၁ဝ ရက်လောက်က ကိုယ်ဝန်ဆောင်တာ ၁ဝ လပြည့်တာလေ” ဟု မိခင်နွားမပိုင်ရှင် ဒေါ်ကြည်မြက ပြောသည်။

အဆိုပါ နွားရင်ချင်းဆက် အမြွှာနှစ်ကောင်မှာ ထူးခြားစွာဖြင့် ဦးခေါင်းနှစ်လုံး၊ ခန္ဓာကိုယ်နှစ်ခု ပါရှိသော်လည်း ခြေခုနစ်ချောင်းသာ ပါရှိပြီး နှစ်ကောင်စလုံးမှာ အမဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar