ရေအေးကုန်း ရွှေမှော်တွင် လူတစ်ဦး မြေပိသေဆုံး

ပို့စ်တင်ချိန် - 4/30/2014 02:46:00 PM


ကသာ ဧပြီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် မံစီကြီးနယ်မြေ ရဲစခန်း၏ အနောက်ဘက် ခုနစ်မိုင်ခန့်အကွာ ရေအေးကုန်းရွှေမှော်တွင် လူတစ်ဦး မြေပိသေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မံစီကြီးနယ်မြေရဲစခန်းမှ ဒုရဲအုပ်မောင်ဇော်သည် ဧပြီ ၂၇ ရက် နံနက် ၈ နာရီခွဲက လူတစ်ဦး မြေပိသေဆုံးကြောင်းသတင်းအရ သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရေအေးကုန်း ရွှေမှော်နှင့် တစ်မိုင် ခန့်အကွာ ကျင်းဟောင်းလုပ်ကွက်၌ နားယကာကျေးရွာနေ မြင့်အောင် သည် ကမ်းပါးရှိ ရွှေသဲစာများအား တူးဖော်နေစဉ် အမြင့် ၁ဝ ပေခန့်မှ ရုတ်တရက်မြေကမ်းပါးပြိုကျ ပိမိခဲ့ရာ အနီးအနားမှ ဈေးဝယ်သွားသူ ဦးကျော်သန်းနှင့် ကိုမြင့်ဝင်းတို့က တွေ့ရှိ၍ လူများခေါ်ယူပြီး ဝိုင်းဝန်းတူးဖော်ခဲ့ကြ သော်လည်း မြင့်အောင်မှာ ဒဏ်ရာများဖြင့် သေဆုံး သွားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

မြင့်အောင် (၃၁နှစ်) နားယကာ ကျေးရွာ ဗန်းမောက်မြို့နယ် သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် သိရှိနိုင်ရန် ဒုရဲအုပ်မောင်ဇော်က တိုင်ကြားခဲ့ရာ ဗန်းမောက်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁ဝ/၂ဝ၁၄ ဖြင့် ရေးဖွင့်ခဲ့ပြီး စခန်းမှူး ရဲအုပ်ထွန်းလင်းခိုင်က စစ်ဆေးလျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar