ရုရှား လိုလားသည့် ခွဲထွက်ရေးသမားတွေ အစိုးရ အဆောက်အအုံတချို့ကို သိမ်းပိုက်

ပို့စ်တင်ချိန် - 4/30/2014 02:45:00 PM


ရာနဲ့ချီတဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေက ယူကရိန်းနိုင်ငံ ပြည်နယ် မြို့တော်တွေထဲက တခုမှာ ရှိတဲ့ အစိုးရ အဆောက်အဦကို ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့က မွှေနှောက်ခဲ့ပြီး ဒေသတွင်း ဌာနချုပ်ထဲမှာ ခြေကုပ်ယူထားတဲ့ ရဲတွေကိုလည်း ပစ်ခတ်ခဲ့ပါတယ်။

အနောက်နိုင်ငံတွေက ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုအသစ် လုပ်ခဲ့ပေမယ့် ဒါဟာ တော်လှန်ရေးအတွင်း အကြီးစား အရှိန်မြင့်မှုလည်း ဖြစ်ပါတယ်။

ယူကရိန်းအရှေ့ဖျားပိုင်းက ရုရှားနဲ့ နယ်နမိတ်ချင်းထိနေတဲ့ လူဟန့်စ်ခရိုင်မှာ ခရိုင်အစိုးရ ရုံးချုပ်ကို ဆန္ဒပြသူတွေက ၀င်စီးခဲ့ပြီး အဆောက်အဦထိပ်မှာ ခွဲထွက်ရေးသမားတွေရဲ့ အလံကို လွှင့်ထူခဲ့သလို ရဲတွေကတော့ မတားဆီးခဲ့ပါဘူး။

ညဘက်မှာ သူပုန်သေနတ်သမား အယောက် ၂၀ လောက်က ဒေသတွင်း ရဲဌာနချုပ်ကို အော်တိုမက်တစ်သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပြီး အထဲကလူတွေ လက်နက်ချဖို့ ဖိအားးပေးခဲ့တယ်လို့ အခင်းဖြစ်ရာနေရာက ရိုက်တာစ်သတင်းဌာန ဓာတ်ပုံသတင်းထောက်က ပြောပါတယ်။

သူပုန်တွေက တရားရုံးနဲ့ ရုပ်သံလွှင့်ဌာနကိုပါ သိမ်းပိုက်ခဲ့ပြီး ဒီခွဲထွက်ရေးသမားတွေဟာ ဒန်ညက်စ်ခရိုင်အနီးတ၀ိုက်ကို အများကြီး ထိန်းချုပ်ပြီးသား ဖြစ်ပါတယ်။

လွတ်လပ်သော ဒန်ညက်စ် ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ကြောင်းနဲ့ မေ ၁၁ ရက်နေ့မှာ လူထုဆန္ဒခံယူပွဲ လုပ်မယ်လို့လည်း ကြေညာခဲ့ပါတယ်။

DVB Burmese