ရခိုင်ပြည်နယ်တွင် NGO များ လုပ်ကိုင်မှုများကို စောင့်ကြည့်မည့် အဖွဲ့ ဖွဲ့ရန် ဆွေးနွေး

ပို့စ်တင်ချိန် - 4/30/2014 02:23:00 PM



ရခိုင် ညီလာခံဒုတိယနေ့တွင် ရခိုင်ပြည် နယ်၌ NGO    များ လုပ်ကိုင် နေမှုအား  စောင့်ကြည့်မည့် အဖွဲ့ ဖွဲ့စည်းရန် ဆွေးနွေးခဲ့ကြောင်း တက် ရောက် ဆွေးနွေးခဲ့သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် က The Messenger  သတင်းစာသို့ ပြော သည်။

 INGO  တွေရဲ့ MOU တွေကို လူထု ကို ချပြဖို့ သက်ဆိုင်ရာအစိုးရမှာလည်း တာ ၀န်ရှိတယ်။ INGO  တွေမှာလည်း တာဝန် ရှိတယ်။ သူတို့ရဲ့ တာဝန်လုပ်ပိုင်ခွင့်ကို လူထု က သိနေပြီဆိုရင် လူထုက စောင့်ကြည့်  ပေးရ မယ့် သဘောပဲ””ဟု   ဒေါက်တာ အေးမောင် က ပြောသည်။ INGO အဖွဲ့ အစည်း များသည် ၎င်း   တို့ လုပ်ငန်းတာဝန်များကို မလုပ်ဆောင်ပါက ဒေသခံ ပြည်သူများက ဆန်္ဒပြ၍ ရပြီး  NGO တို့၏ လုံခြုံရေးကိစ္စသည် အစိုးရ တာ ၀န်ဖြစ် ကြောင်း၊  NGO  ၀န်ထမ်းများတွင် လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံ ရှိနိုင်သောကြောင့် ဒေသခံများနှင့်    ရင်းနှီးရန်  လိုအပ်ကြောင်း   စသည့် ကိစ္စ များကို  ဆွေးနွေးခဲ့ ကြောင်းလည်း သိရသည်။ ထို့အပြင် မကြာသေးမီက ရခိုင် ပြည်နယ်တွင် ဖြစ်ပွားခဲ့သော NGO  များ တိုက်ခိုက်ခံ  ရသည့် ကိစ္စများကို ဆွေးနွေးခဲ့ပြီး ယင်းကဲ့သို့ ဖြစ်ပွားရခြင်းသည် ရခိုင် ပြည် နယ်အား     ထိခိုက်သည့် အပြင် နိုင်ငံတော်၏  ရှေ့ဆက်သွားရမယ့် လမ်းစဉ်ကို အဟန့်အတား ဖြစ်စေကြောင်း တက်ရောက်ဆွေးနွေး ခဲ့သူတချို့က ဆိုသည်။

ကျွန်တော်မရှင်းတာက ရခိုင်ပြည်နယ် ကို    အကူအညီပေးဖို့    သွားတာကို ပွင့်လင်းမြင်သာ မှုမ ရှိ မရှိ စောင့်ကြည့် ရမယ်လို့ ပြော တယ်။ ရခိုင်ပြည်နယ်ကို အကူအညီပေးတာ ပါ။ ရခိုင်ပြည်နယ်ရဲ့ သယံဇာတတွေကို ယူတာ မဟုတ်ပါဘူး””ဟု    ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံ ဆိုင်ရာ UN ပြန် ကြားရေးတာဝန်ခံ ဦးအေး ၀င်းက The Messenger  သတင်းစာသို့ ပြောသည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်၊    ဇွန်လ တွင်ဖြစ်ပေါ်လာသည့် ပဋိပက္ခ များအတွင်း လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ရာပေါင်းများစွာ အသက်  ဆုံးရှုံးခဲ့သည်။   ယခုနှစ် ဧပြီလ (၂၆)  ရက်နေ့  နှင့် (၂၇)ရက်နေ့က လည်း စစ်တွေမြို့တွင် သာသနာအလံနှင့် စပ် လျဉ်းသည့် ပဋိပက္ခတစ်ခုကြောင့် အကူအညီ ပေးနေသော NGO အဖွဲ့ရုံး   (၁၃) ရုံးနှင့် ဂို ဒေါင်များ တိုက် ခိုက်ဖျက်ဆီးခံခဲ့ရသည်။

The Messenger