ဒဂုံဧရာ အဝေးပြေးဝင်းအတွင်း စိတ်ကြွဆေးပြား များနှင့် လေသေနတ် တစ်လက် သိမ်းဆည်းရမိ

ပို့စ်တင်ချိန် - 4/30/2014 02:21:00 PM


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်၊ ဒဂုံဧရာ အဝေးပြေးကားဝင်းအတွင်း လူတစ်ဦးထံမှ WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြားနှင့် လေသေနတ် တစ်လက် သိမ်းဆည်း ရမိ ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံး မှ သတင်း ရရှိသည်။

ဖြစ်စဉ်မှာ ဧပြီလ (၂၇)ရက်နေ့၊ ည ဆယ်နာရီခွဲအချိန်ခန့်တွင် မူးယစ်တပ်ဖွဲ့စု -၄၂ မှ ရဲမှူး ခင်မောင်သိန်း နှင့် အဖွဲ့သည် ဒဂုံဧရာ အဝေးပြေး ရဲကင်းနှင့် ပူးပေါင်း၍ သတင်းအရ ဧရာရွှေစင် ကားဂိတ်၌ စောင့်ဆိုင်း၍ ပုသိမ် မှ ရန်ကုန်သို့ ၀င်ရောက်လာသော ၆၈/ ..........ယာဉ်ပေါ်မှ ဆင်း လာသော မြ၀တီမြို့ နယ် တွင်နေထိုင်သူ ကို ......... (၂၆)နှစ် အား စစ်ဆေးရာ ၎င်း ထံတွင် WY စာတမ်းပါ စိတ်ကြွ ရူးသွပ် ဆေးပြား (၃၉) ပြား နှင့် အနက်ရောင် ပစ္စတိုလေသေနတ်တစ်လက်၊ စတီးဘော့ စေ့ထည့် ထားသည့် ကျည်အိပ် တစ်ခုအားတွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းများ အရ သိရသည်။

ကို ........ (၂၆)နှစ်ကို စခန်းမှာ သိမ်းထားပြီး သေနတ်ကိုတော့ မှုခင်းရဲတပ်ဖွဲ့က လက်နက် ကျွမ်းကျင်သူ ဆီကို စစ်ဆေးဖို့ ပေးထားပါတယ် ဟု သောင်ကြီးနယ်မြေရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ယင်းဖြစ် စဉ်နှင့် ပတ်သက်၍ ကို .......(၂၆)နှစ်အား မူး ယစ် (ပ)၁/၁၄၊ မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပုဒ်မ-၁၅/၁၉(က)ဖြင့် အမှုဖွင့် ပြီး စခန်းမှူး ရဲအုပ် ချစ်ကိုကိုက စစ်ဆေး နေကြောင်း သောင်ကြီး နယ် မြေ ရဲစခန်းမှ သိရသည်။

 The Messenger