လေပြင်းတိုက်ခတ်မှုကြောင့် လက်ပံတောင်းတောင် ရဲကင်းတစ်ခု လေထဲလွှင့်ပါသွား

ပို့စ်တင်ချိန် - 4/30/2014 05:33:00 AM


သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
ဆားလင်းကြီး၊ ဧပြီ ၂၉
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဝင်းအတွင်းရှိ သံလွင်ဟု အမည်ခေါ်ဝေါ်သည့် လုံခြုံရေးရဲကင်းစခန်းမှာ ယခုလ ၂၈ ရက်နေ့ ည ၇ နာရီခွဲအချိန်က တိုက်ခတ်ခဲ့သည့် မိုးသက်လေ ပြင်ဒဏ်ကြောင့် လေထဲသို့လွင့်ပါသွားခဲ့ကြောင်း ထိုစခန်း၌တာဝန်ထမ်းဆောင်သူ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ မဇ္ဈိမသို့ပြောပြ သည်။
“ ရဲကင်းစခန်းမှာရှိတဲ့ နှစ်ထပ်ဘန်ကာ အဆောက်အဦးဟာ လေထဲလွင့်ပါသွားပြီး စီမံကိန်းဧရိယာအပြင်ဘက်ကို ရောက်ရှိ သွားပါတယ်…” ဟု ၎င်းကဆက်လက်၍ ပြောပြသည်။
အဆိုပါ လေထဲသို့လွင့်ပါသွားခဲ့သော နှစ်ထပ်ဘန်ကာ အဆောက်အဦးသည် လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေးစီ မံကိန်းဧရိယာအား ခတ်ထားသည့် ခြံစည်းရိုးကြီးကိုဖောက်ထွက်ကာ လေထဲသို့ လွင့်ပါသွားခဲ့ခြင်းဖြစ်သည်။
“ သံလွင် လုံခြုံရေး ရဲကင်းစခန်းဆိုတာ ဆည်တည်း၊ ဇီးတောရွာဟောင်း အ၀င်လမ်းမှာဖြစ်တယ်..။ နှစ်ထပ်ဘန်ကာ အဆောက်အဦး လေထဲလွင့်ပါသွားတာဟာ မူလနေရာကနေ ငါးကိုက်ကျော်ကျော် ဆယ်ငါးပေ..ဆယ်ခြောက်ပေနီးပါ ဖြစ်ပါတယ်..” ဟု ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အတည်ပြုပြောကြားခဲ့သည်။
လက်ပံတောင်းတောင်ကြေးနီတူးဖော်ထုတ်လုပ်ရေး စီမံကိန်းဧရိယာအတွင်းသို့ မကြာခဏ လေပြင်းတိုက်ခတ်မှုများဖြစ် ပေါ်လေ့ရှိရာ လွန်ခဲ့သည့်ရက်အနည်းခန့်ကလည်း လက်ပံတောင်း တောင်ကြားစေတီနှင့် လယ်တီသိမ်တော် ဘုရားကုန် မြေရှိ အုတ်တံတိုင်းတစ်ခန်းသည်လည်း လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးခဲ့သေးကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း