ပြည်သူ့အိမ်ရာဟောင်းများ အိမ်လခ အဆတစ်ရာ တိုးမြှင့်

ပို့စ်တင်ချိန် - 4/30/2014 07:29:00 AM

ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ဦးဝိစာရ အိမ်ရာဝင်း အတွင်းရှိ တိုက်ခန်းများကို ဧပြီ ၂၈ ရက်က တွေ့ရစဉ် ( (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

မြန်မာ တစ်နိုင်ငံလုံးရှိ ပြည်သူ့ အိမ်ရာ အဟောင်းများမှ အခန်းပေါင်း တစ်သောင်းကျော်၏ အိမ်လခများကို ဧပြီလမှ စတင်၍ အဆ တစ်ရာကျော် တိုးမြှင့် ကောက်ခံ သွားမည်ဖြစ်သည်။

နှစ်ပေါင်း ၅၀ ကျော် ကြာ မြင့်နေပြီဖြစ်သည့် ရန်ကုန်အပါ အ၀င် နယ်မြို့ကြီးများမှ အိမ်ရာ များ၏ လက်ရှိကောက်ခံနေသော နှုန်းထားမှာ ယခင်နှစ်ပေါင်း ၂၀ ကျော်က ပေါက်ဈေးအတိုင်း ကောက်ခံနေခြင်းဖြစ်၍ ယခု ကာလပေါက်ဈေးနှင့် လိုက်လျော ညီထွေမှုရှိစေရန် တိုးမြှင့်ကောက် ခံလိုက်ခြင်းဖြစ်ကြောင်း

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင် က ပြောသည်။

‘‘အရင် ၅၅ ကျပ်နဲ့ ငှားနေ တဲ့အခန်းက အခု တစ်လကို ၅၅၀၀ လောက်တော့ ပေးရမှာ ပေါ့။ အခု ရန်ကုန်မှာ တိုက်ခန်း တွေ ငှားနေရတဲ့ ဈေးနဲ့ယှဉ်ရင် တော့ အများကြီး သက်သာနေပါ သေးတယ်’’ ဟု ဦးယုခိုင်က ပြော သည်။

အိမ်ရာနေထိုင်ခနှုန်းထား တိုးမြှင့်ရေးနှင့်ပတ်သက်ပြီး သက် ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအ ဖွဲ့၏ သဘောထား၊ မူလနေထိုင် သူတို့၏ သဘောထားတို့ကို ရယူကာ အိမ်ရာခကို တိုးမြှင့် ကောက်ခံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဧပြီလမှစတင်ပြီး ကောက်ခံ မည့် အိမ်ရာခ နှုန်းထားသစ်များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲသွား မည်ဖြစ်ပြီး သက်တမ်းကြာအို ဟောင်းနေပြီဖြစ်သည့် ယင်းတိုက် ခန်းများ ပြန်လည်ပြုပြင် အဆင့် မြှင့်တင်ခြင်းကို တိုင်းဒေသကြီး အစိုးရ အဖွဲ့ကပင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။

လက်ရှိအချိန်အထိ အဆိုပါ အိမ်ရာများတွင် နေထိုင်သူများ အနေဖြင့် အနည်းဆုံး အိမ်ငှားခ ၂၅ ကျပ်မှ အများဆုံး ၃၀၀ ကျပ် အထိသာ ပေးဆောင်နေရပြီး ယခု ပြောင်းလဲကောက်ခံမည့် နှုန်း ထားအရ အထပ်အမြင့်ပေါ် မူ တည်ပြီး အနည်းဆုံး ငွေကျပ် ၅,၀၀၀ မှ ၁၂,၅၀၀ အထိ တိုးမြှင့် သွားမည်ဖြစ်သည်။

  ‘‘တော်လှန်ရေးကောင်စီ လက်ထက်တုန်းက အခုလိုပဲ အိမ် လခတစ်ခါ တိုးကောက်ဖူးတယ်။ အဲဒီတုန်းက လိုအပ်တဲ့ ၀န်ဆောင် မှုတွေ ရပါတယ်။ ၁၉၈၈ ခုနှစ်က စပြီး ကိုယ်ထူကိုယ်ထနဲ့ ပြုပြင် နေရတယ်’’ ဟု ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ဦးဝိစာရအိမ်ရာ(မင်းမ နိုင်) တွင်နေထိုင်သူ အမျိုးသား တစ်ဦးက ပြောသည်။

ထို့ကြောင့် သက်တမ်းအား ဖြင့် ကြာမြင့်နေပြီဖြစ်ပြီး ၀န် ဆောင်မှုပိုင်း အားနည်းနေသေး သည့် အဆိုပါ အိမ်ရာများအတွက် အိမ်လခတိုးမြှင့်ကောက်ခံလိုက် ခြင်းကြောင့် ၀န်ဆောင်မှုများပါ တစ်ပါတည်းပေးရန် မျှော်လင့်နေ ကြကြောင်း ပြည်သူ့အိမ်ရာစခန်း များတွင်နေထိုင်သူအချို့က ပြော ကြားသည်။

အိမ်လခတိုးမြှင့်ကောက်ခံ မည့် အိမ်ရာများထဲမှ ရန်ကုန်အ  ပါအ၀င် နယ်မြို့ကြီးများမှ အိမ် ရာ အဟောင်း ၄၂ ခုကို ယခုအစိုးရ လက်ထက်တွင် အသစ်ပြန်လည်တည်ဆောက်သွားမည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာနက ရည်ရွယ်ထားသည်။

Author: မိုးညို / ရဲနိုင်
7Day Daily