ငါးဖမ်းသင်္ဘော အတွက် လူကုန်ကူးသူ ထောင်ချ

ပို့စ်တင်ချိန် - 4/30/2014 05:25:00 AM

ငါးဖမ်းသင်္ဘောပေါ် ခိုင်းစေဖို့ လူကုန်ကူးခဲ့

အာဖရိက ကမ်းလွန်က ငါးဖမ်းသင်္ဘော တွေမှာ ကျေးကျွန်လို ခိုင်းစေဖို့ ရာနဲ့ချီ လူကုန်ကူးခဲ့တဲ့ ထိုင်ဝမ် အမျိုးသမီး တဦးကို ထောင် ၁ဝ နှစ် ချလိုက်တယ်လို့ ကမ္ဘောဒီယားက လာတဲ့ သတင်းတွေက ဆိုပါတယ်။

အဲဒီလို ကျေးကျွန်လို အလုပ်လုပ်ခဲ့ရသူတွေ ကမ္ဘောဒီယားကို ပြန်ရောက်လာပြီး တိုင်ကြားမှုတွေ ဖြစ်ခဲ့ပြီးနောက် လင်ယူရှင် လို့ အမည်ရတဲ့ ဒီအမျိုးသမီးကို မနှစ်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လင်ယူရှင်ဟာ Giant Ocean လို့ခေါ်တဲ့ အလုပ်ရှာဖွေရေး အေဂျင်စီကို ကမ္ဘောဒီးယား မှာ တရားဝင် မှတ်ပုံတင် ဖွင့်လှစ် ထားတာ ဖြစ်ပါတယ်။

BBC Burmese