ဆီးဂိမ်းနဲ့ ပတ်သက်ပြီး ဇီးကွက်ကို ခြင်္သေ့က မုဒိန်းကျင့်သွားပြီလို့ ဝေဖန်ခဲ့တဲ့ ဦးဇာဂနာ ယခုလည်း သူရဦးရွှေမန်းက နိုင်ငံရေးအတွေး သိပ်မကောင်းဘူးလို့ ပြောဆိုခဲ့ပြန်

ပို့စ်တင်ချိန် - 12/30/2013 03:09:00 PM


ဦးဇာဂနာက သူရဦးရွှေမန်းဟာ နိုင်ငံရေးအတွေး သိပ်မကောင်းဘူးလို့ ဆိုပြီး သူရဦးရွှေမန်းအပေါ် သူ၏အမြင်ကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။

The Messenger က သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆက်ဆံရေးတည်ဆောက်မှုနဲ့ ပတ်သက်ပြီးဘယ်လိုမြင်ပါသလဲလို့ မေးမြန်းခဲ့ချိန်မှာ ဦးဇာဂနာက ယခုလို ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

"ဦးရွှေမန်းကို ပုဂ္ဂိုလ်ရေးအရတော့ သိပ်မသိပါဘူး။ သို့သော် မြင်ကြည့်တဲ့ အမြင်ကတော့ ဦးရွှေမန်းက နိုင်ငံရေးအတွေး သိပ်မကောင်းဘူးလို့မြင်တယ်။ သူရဲ့ အကြံပေးအဖွဲ့ ရှိပါလိမ့်မယ်။
ရှိပေမဲ့ ဦးရွှေမန်းရွှေ့တဲ့ အကွက်တွေက သိသာလွန်းတယ်။ ပရိယာယ်နည်းတယ်။ သမ္မတကတွေ့ဖို့
ရွှေ့ဆိုင်းလိုက်ချိန်မှာ ဖွဲ့စည်းပုံပြင်ဖို့ လိုတာပေါ့ ဆိုပြီး၊ ရွှေပြည်သာမှာ ပြောတယ်ဆိုတာမျိုးက သိသာလွန်းတယ်။ ထို့နည်းတူ အန်တီစုနဲ့ ခင်ဖို့ ကြိုးစားတာ၊ တစ်နည်းပြောရင် လွှတ်တော်အတွင်း အာကောင်းအောင်လုပ်တာပေါ့ အဲဒါအမြင်မှာ ဒေါ်စုဝင်ထိုင်တဲ့ လွှတ်တော် အားကောင်းတာပေါ့၊
သူလည်းကြိုးသားရပါတယ်။ နိုင်ငံရေးကိစ္စမှာတော့ ဦးရွှေမန်းကို သိပ်တော်တယ်လို့ မထင်ဘူး"

ဦးဇာဂနာကသာ သူရဦးရွှေမန်းဟာ နိုင်ငံရေးကိစ္စမှာမတော်ဘူးလို့ပြောနေပေမယ့်လည်း
လွှတ်တော်အတွင်းအသက်ဝင်လာတာ၊ လှုပ်ရှားမှုတွေအားကောင်းလာတာဟာ
သူရဦးရွှေမန်းရဲ့ ဦးဆောင်မှုတွေကြောင့် လို့နိုင်ငံရေးသုတေသီတွေကြားမှာ ပြောဆိုနေကြပါတယ်။
ဦးဇာဂနာရဲ့ ဝေဖန်မှုကို သူရဦးရွှေမန်းဘက်က ပြန်လည်တုန့်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။
ဦးဇာဂနာဟာ မကြာသေးမီကလည်း အစိုးရက ဦးဆောင်ကျင်းပခဲ့တဲ့ ဆီးဂိမ်းမှာ ရိုးရာအကတွေ ထည့်သွင်းပြသခြင်းကို ဝေဖန်ခဲ့ပြီး စင်္ကာပူရဲ့ Street Dance နဲ့ဖျော်ဖြေသွားပုံကိုတော့ ချီးကျုးခဲ့ကြောင့် ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။ ဒါ့အပြင် ဇီးကွက်ကို ခြင်္သေ့က မုဒိန်းကျင့်သွားတာ လှလှပပခံလိုက်ရပြီလို့ သူ့ရဲ့ Facebook စာမျက်နှာမှာ  ပြောဆိုခဲ့ခြင်းကြောင့် အဆိုပါပြောဆိုမှုအပေါ် ဆန့်ကျင်ဝေဖန်မှုများလည်း ခံခဲ့ရပါသေးတယ်။
New Myanmar Pyi