လက်သီးချင်းတူသော်လည်း အသက်ရှူပုံကွဲပါ၏

ပို့စ်တင်ချိန် - 12/30/2013 08:43:00 AM


ယာဉ်ထိန်းရဲတဦး တာဝန်ချိန်မှာ ထိုးကြိတ်ခံရတယ် တဲ့။
ထိုးတဲ့သူကို အရေးယူထားပြီ တဲ့။
ရဲတပ်ဖွဲ့ Facebook မှာ မနေ့က ရေးထားတာပါ။


အထိုးခံရတဲ့ရဲတပ်သား နေပြည်တော်ကို ပြောင်းရွှေ့ခံလိုက်ရခြင်း ရှိမရှိဆိုတာကိုတော့ သတင်းထဲ ရေးမထားပါ။
ရဲတပ်ဖွဲ့သတင်း နဲ့ ဆက်စပ်သတင်းလင့်တွေကို ဖော်ပြလိုက်ပါတယ်။


ဝာာဝန်ကျယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ကို ထိုးကြိတ်သူအား အရေးယူထား

နေပြည်တော်၊ ဒီဇင်ဘာ ၂၈

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ယာဉ်စစ်ဌာနမှ လ ၂၃၀၄၁၀ ရဲတပ်သား မျိုးဝင်းနောင်သည် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်၊ စည်ပင်သာယာဈေးအရှေ့ဘက်၊ အောင်ဇေယျလမ်းမပေါ်တွင် ယာဉ်စစ်ဆေးရေးတာဝန်ဆောင်ရွက် နေစဉ် အောင်ဇေယျလမ်းအတိုင်း တောင်မှမြောက်သို့ ခင်ဦးမြို့နယ်၊ ၀က်သဲကျေးရွာနေ နိုင်တူး(၃၀)နှစ်မှ ဆိုင်ကယ်အား လမ်းပြောင်းပြန်စီးနင်းလာသည်ကိုတွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာ နိုင်တူးမှ မခြေမငံပြောဆိုသဖြင့် ယာဉ်ထိန်းရုံးသို့လိုက်ပါရှင်းလင်းရန် ခေါ်ဆောင်စဉ် နိုင်တူးမှ မလိုက်နိုင်ကြောင်းပြောဆိုပြီး လက်သီးနှင့်ထိုးသဖြင့် ရဲတပ်သား မျိုးဝင်းနောင်တွင် ၀ဲပါးရိုး ဖူးယောင်ဒဏ်ရာရရှိခဲ့သောကြောင့် နိုင်တူးအား ရွှေဘိုမြို့မရဲစခန်း(ပ)၅၄၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ဧရာဝတီ သတင်း