ရုရှား ဆောင်းရာသီ အိုလံပစ်ပွဲ မကျင်းပမီ ဗုံးရက်ဆက်ပေါက်ကွဲ

ပို့စ်တင်ချိန် - 12/30/2013 09:00:00 PM


ရုရှားနိုင်ငံ တောင်ပိုင်း ဘော်ဂိုဂရတ်မြို့မှာ ဒီနေ့ ဗုံးတလုံး ထပ်မံပေါက်ကွဲမှုအတွင်း လူ အနည်းဆုံး ၁၀ ဦး သေဆုံးသွားပြီး ၂၃ ဦးကို ဆေးရုံပို့လိုက်ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီဇင်ဘာလ ၂၉ ရက်နေ့တုန်းလည်း ဘောဂိုဂရတ်မြို့မှာပဲ ဘူတာရုံမှာ အသေခံဗုံးခွဲမှုအတွင်း လူအနည်းဆုံး ၁၇ ယောက်သေဆုံးခဲ့ပြီး ၃၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ရုရှားမှာ ဆောင်းရာသီ အိုလံပစ်ပွဲတော် ကျင်းပဖို့ ရက် ၄၀ ပဲ ကျန်တောတဲ့အချိန်မှာ ဗုံးတွေ ရက်ဆက်ပေါက်ကွဲနေတာပါ။
ဗုံးပေါက်ကွဲသွားတဲ့ ထရော်လီ ဘက်စ်ကားကို နိုင်ငံပိုင်ရုပ်သံက ပြသပါတယ်။ အကြမ်းဖက် သမားတွေရဲ့ လုပ်ရပ်အဖြစ် အာဏာပိုင်တွေက ပြောပါတယ်။ လောလောဆယ် ဘယ်အဖွဲ့ကမှ တိုက်ခိုက်မှုတွေကို တာဝန်ယူပြီး ကြေညာတာ မရှိသေးပါဘူး။

ဒီအဖြစ်အပျက်ဟာ မတည်မငြိမ်ဖြစ်နေတဲ့ အဲဒီဒေသမှာ သုံးနှစ်အတွင်း လူအသေအပျောက် အများဆုံး တိုက်ခိုက်မှုတွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်လတုန်းကပဲ အဲဒီမြို့မှာပဲ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပါခဲ့တယ်။

အခုလို အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် နောက်ထပ် တလခွဲတောင် မလိုတော့တဲ့ ၂၀၁၄ ဆောင်းရာသီ အိုလံပစ်ပွဲကို အစ္စလာမ္မစ်တွေ တိုက်ခိုက်မယ့် အန္တရာယ် စိုးရိမ်စရာဖြစ်နေပါတယ်။

By ဒီဗွီဘီ