နို့သီးအပိုထွက်ခြင်း(အမျိုးသမီးများအတွက် ဗဟုသုတ)

ပို့စ်တင်ချိန် - 12/30/2013 08:55:00 AM



သမီးက အသက်(၂၁)အရွယ် အိမ်ထောင်သည် ကိုယ်ဝန်ဆောင်တစ်ယောက်ပါ။ ကိုယ်ဝန်က (၂၅) ပတ်ရှိပါပြီ။ လွန်ခဲ့တဲ့ ၂ ရက်လောက်က ညာဘက် ချိုင်းမှာ (အတွင်းဘက် ရင်သားအထက်) အကျိတ်တစ်ခုတွေ့တာနဲ့ ပြ နေတဲ့ OG ဆီကို သွားပြတော့ မစိုးရိမ်ရပါဘူးလို့ပြောပါတယ်။ နို့ အပို တစ်ခုထွက်တာလို့ပြောပါတယ်။ တဖြည်းဖြည်း ကြီးလာပြီး အတံလေး ထွက်လာမယ်၊ နောက်အရည်လေးတွေလည်း ထွက်လာမယ်လို့ ပြောပါတယ်။ မွေးပြီးမှ ချပ်သွားမယ်လို့လည်း ပြောပါတယ်။ အကျိတ်က သိပ်မကြီးသလို နာလည်းမနာပါဘူး။ ရှိမှန်းတောင် မသိသာပါဘူး။ ကိုင်ကြည့် ရင်တော့ အထဲမှာ အစိလေးတွေ အများကြီးပါ။ နာသလို ခံစားရပေမယ့် ခံနိုင်ပါတယ်။ ရင်သားကင်ဆာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။ သမီးတို့ဆီမှာလည်း မျိုးရိုးမရှိပါဘူး။ အကျိတ်ရှိမှန်းမသိခင် ၂ ရက်အလိုလောက်က ညဘက် ခြေထောက်မည်းနေလို့ ဆိုပြီး ရေတော့ဆေးမိပါတယ်။ ဒူးကနေလောင်းမဆေးဘဲ အလွယ်ပဲ ပိုက်ဖွင့်ပြီး ခြေမျက်စိကနေဘဲ ဆေးလိုက်ပါတယ်။ ဆေးပြီးတော့ အပူတွေ ပျံလာသလို ခံစားလိုက်ရပါသေးတယ်။ နောက်နှစ်ရက်လောက်နေတော့ ချိုင်းမွှေးနှုတ်ရင်းနဲ့မှ အကျိတ်ရှိနေမှန်း သိတာပါ။ နို့အပိုထွက်တယ်ဆိုတာ တကယ်ရှိသလားဆရာ။ ဘာဆက်လုပ်သင့်ပါသလဲ ဆိုတာ ဖြေပေးပါဦးဆရာ။

• Accessory nipples အပိုနို့ လို့လဲခေါ်တယ်။ Third nipples တတိယနို့ လို့လဲခေါ်တယ်။
• Extra nipples နို့သီးအပိုဟာ လူတယောက်မှာ သန္ဓေဘဝကတည်းကရှိနေခဲ့နိုင်တယ်။
• ရုတ်တရက်ကြည့်ရင် မှည့်လိုလို၊ အရေးအကြောင်းလိုလိုမြင်ရတယ်။ တကယ့် ပုံမှန်နို့တွေနဲ့ အဆက်အစပ်မရှိပါ။
• မိန်းမသာမက ယောက်ျားရောပါ အဲလိုဖြစ်နိုင်တယ်။
• အဲဒီနို့သီးဟာ Milk lines နို့လမ်းကြောင်းလို့ခေါ်တဲ့ပုံထဲမှာ မျဉ်းကြောင်းတွေတလျှောက် ဘယ်နေရာမှာမဆို ရှိနိုင်တယ်။
• နို့သီးသာမက တခါတလေမှာ Extra breast tissue နို့ (တစ်ရှူး) တွေရောပါရှိနိုင်တယ်။ Polymastia လို့ ခေါ်တယ်။
• အဲတာမှာ Mammary glands နို့ထွက်အိတ်လေးတွေရှိနေမဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ရင် Breast milk နို့ရည်ပါ ထွက်နိုင်တယ်။
• အဌမမြောက် ဟင်နရီဘုရင့် မိဘုရား Anne Boleyn (အယ်နီ ဘိုလင်း) မှာ ရှိတယ်။
• ဂျိမ်းစ်ဘွန်းရုပ်ရှင်မှာ လူဆိုး လုပ်ရသူ Scaramanga မှာလဲ ရှိတယ်လို့ သရုပ်ဆောင်ရတယ်။ ဒါကြောင့် မျိုးဗီဇနာမည်ကို Scaramanga gene လို့ ပေးလိုက်ကြတယ်။
• စိုးရိမ်စရာမရှိပါ။ ဒါပမဲ့ ရင်သားကင်ဆာ သီအိုရီအရ ဖြစ်နိုင်တယ်။
• ကံဆိုးသူတချို့မှာ အဲလို ပုံမှန်ဟုတ်တာနဲ့ တခြားမွေးရာပါရောဂါ တွဲရှိတတ်တယ်။ ဥပမာ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါ။ နို့သီးအပိုက ပေါင်ခြံနေရာမှာရှိပြီး Paget's disease ရောဂါဖြစ်တာလဲရှိတယ်။
• ဘယ်လိုမှမနေရင် နေလို့ရတယ်။ ပြောင်းလဲမှုကိုတော့ တသက်လုံးဂရုစိုက်နေပါ။
• စိုးရိမ်ရင် ခွဲစိတ်ထုတ်ပြစ်နိုင်ပါတယ်။

ဒေါက်တာ တင့်ဆွေ