NLD ရပ်/ကျေး အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦး ကားတိုက်ခံရပြီး ပွဲချင်းပြီးသေဆုံး

ပို့စ်တင်ချိန် - 12/30/2013 10:25:00 AM




တနင်္ဂနွေနေ့၊ ဒီဇင်ဘာ ၂၉ရက်၊ ၂၀၁၃ခုနှစ်။

ရန်ကုန်၊မဇ္ဈိမ။ ။NLD ပါတီမှာ ရပ်/ကျေးအလုပ်မှုဆောင် အဖွဲ့ဝင်တစ်ဦး ကားတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့မှုတစ်ခု မှော်ဘီမြို့နယ်တွင် ဒီဇင်ဘာ ၂၈ ရက် ညနေ ၆ နာရီခွဲအချိန်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ NLDအဖွဲ့ဝင်မှာ လက်တွန်းလှည်း တွန်းပြီး လမ်းလျှောက်နေစဉ်အတွင်း အင်စိန်မြို့နယ်မှ ယာဉ်မောင်းဖြစ်သူ စိုင်းခမ်းပန်(ခ)အိုက်ပန် (၂၉)နှစ်မောင်းနှင်လာသည့် စူပါကာစတန်ခဲရောင် (ကိုယ်ပိုင်)ယာဉ်က မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စု ရဲဘော်ဈေးမှတ်တိုင်အနီး မိုင်တိုင်အမှတ် ၂၅/၃ နှစ် ၂၅/၄ အကြားအရောက်တွင် နောက်မှ ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။
Credit: ဇော်ဇော်ထွေး

The Mirror Daily