မြန်မာနိုင်ငံအတွင်းသို့ သစ်ခိုးခုတ်ရန် ဝင်ရောက်လာသူတစ်ဦးကို အသေဖမ်းဆီးမိ

ပို့စ်တင်ချိန် - 1/02/2014 12:30:00 AM


1-1-2014

လုံထိန်းတပ်ဖွဲ့၏ ပစ်ခတ်မူကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ဦး ယမန်နေ့က သေဆုံးသွားကြောင်း ဒေသထုတ်ဘင်္ဂလားဒေ့ရှ် သတင်းစာများတွင် ဖော်ပြထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နယ်စပ်မှတ်တိုင် ၄၄ နှင့် ၄၅ အနီးတွင် ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်း၌ မြန်မာလုံထိန်းတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ဘင်္ဂါလီအမျိုးသား သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နတ်ကျောက်ဆိုးရီ မြို့နယ်မှ မစ္စတာဂီယာအုံဒိန် (၂၇နှစ်)ဆိုသူဖြစ်ပြီး မြန်မာနိုင်ငံတွင်း သစ်ခုတ်ရန်ဝင်ရောက်စဉ် နယ်ခြားစောင့်လုံထိန်းတပ်ဖွဲ့ကပစ်ခတ်၍ ကျည်ဆန်ထိမှန်သေဆုံးသွားခြင်းဖြစ်ကြောင်း ကော့စ်ဘဇားထုတ် Dainik Coxsbazar News တွင် သတင်းဖော်ပြထားကြောင်း သိ ရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး နယ်စပ်တွင် ပစ်ခတ်ခံရပြီး
သေဆုံးသွားခြင်းအတွက် ဘင်္ဂလားဒေ့ရှ် BGB နယ်ခြားစောင့် အမှတ် (၃၁) တပ်ရင်းက မြန်မာအာဏာပိုင်များနှင့် ဆက်သွယ်ပြီး ဖြေရှင်း ရန်စီစဉ်နေကြောင်း ၄င်းသတင်းကဆိုသည်။

ယခုဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦးနယ်စပ်တွင်ပစ်ခတ်ခံရ၍ သေဆုံးမှုသည် လုံထိန်း တပ်ဖွဲ့တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

The Union The Myawady DailyGrace