ဇနီးသည် အိပ်မပျော်လျှင် ပေါင်းသင်း ဆက်ဆံရေး ထိခိုက်နိုင်

ပို့စ်တင်ချိန် - 1/02/2014 12:45:00 AM



================================

ဇနီးသည်တွေ ကောင်းကောင်း အိပ်မပျော်ရင် နောက်တစ်နေ့ အိမ်ထောင်ရေးမှာ ဖိအား သက်ရောက်မှု ဖြစ်စေနိုင်တယ် လို့ လေ့လာမှု အသစ် တစ်ရပ်က ဆိုပါတယ်။

ငယ်ရွယ် ကျန်းမာတဲ့ စုံတွဲ ၃၅ ဦးရဲ့ အိပ်စက်မှု ပုံစံကို ၁ဝ ညတာ လေ့လာမှု အရ ဇနီးသည်တွေ အိပ်မ ပျော်တာက နောက်တစ်နေ့မှာ စုံတွဲတွေရဲ့ ဆက်ဆံရေး ဆိုင်ရာ အခက်အခဲ သိသိ သာသာ ရှိတာ တွေ့ရကြောင်း သိရပါတယ်။

အိပ်မပျော်တဲ့ ဇနီးသည်တွေ ရှိရင် အိမ်ထောင်ဖက် နှစ်ဦး စလုံး အတွက် အကောင်းထက် အဆိုးကို ပိုမို ဖြစ်စေနိုင်တယ်လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ ခင်ပွန်းသည်တွေ အိပ်ရေး မဝတာကြောင့် စုံတွဲတွေရဲ့ ဆက်ဆံရေး အပေါ်မှာ သက်ရောက်မှုက နည်းပါးကြောင်း သိရ ပါတယ်။

Myawady Health