အသုံးများတဲ့..စကားအတိုလေးများ

ပို့စ်တင်ချိန် - 2/23/2014 08:59:00 AM


(Short Conversations In Use)

ဒီနေ့လည်း အသုံးတည့်နိုင်လောက်တဲ့ အင်္ဂလိပ်စကားအတိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Need anything?
ဘာလိုသေးလဲ။

(2) A bottle of beer,pls!
ဘီယာတစ်လုံးလောက် ပေးပါ။

(3) Anything you say!
ရပါတယ်။ဖြစ်အောင် လုပ်ပေးပါ့မယ်။

(4) It'll keep!
ငါ..ပိုင်ပါတယ်ကွာ။
(ငါ..ပြော/လုပ် နိုင်တယ်)

(5) Keep up the good work!
ကောင်းပါတယ်..ဆက်လုပ်။

(6) Don't be a martyr.
မင်းချည်း အနစ်နာမခံပါနဲ့။

(7) Do you follow?
ငါပြောတာ နားလည်ရဲ့လား။

(8) I can't wait!
ငါတော့ မအောင့်နိုင်တော့ဘူး။

(9) Make yourself understood!
ရှင်းအောင်ပြောစမ်းပါ။

(10) Yes, yes!
ဟုတ်ပါပြီ..ဟုတ်ပါပြီ..ကဲ။
(တဖက်လူစကားကို စိတ်မရှည်တော့တဲ့စကား)

(11) Here!
တော်ပါ..။ဒီမှာတင် ရပ်တော့။
(ပြောတာ/လုပ်တာကို တားတဲ့စကား)

(12) Bright idea!
မင်းဦးနှောက်တော့ ရွှေချထားဖို့ကောင်းတယ်။။
(မကောင်းလို့ ရွဲ့ပြောတာ)

(13) What's the big idea?
ဘာ..စိတ်ကူးပေါက်ပြီး လုပ်လိုက်တာလဲ။

(14) You hear?
ငါပြောတာ ကြားရဲ့လား။

(15) All too often!
အခုတလော ဘာတွေဖြစ်နေမှန်းကို မသိဘူး။
(စိတ်ပျက်စရာ၊ညစ်စရာ၊၀မ်းနည်းစရာ ခဏခဏ ဖြစ်နေလို့)

အင်္ဂလိပ်ဘာသာ လေ့လာစရာ