ဂျပန်မော်ဒယ်ဂဲလ်ကေရိုဆာတိုက သူမသည် ယောက်ျား တစ်ဦးဖြစ်ကြောင်း ၀န်ခံ

ပို့စ်တင်ချိန် - 2/23/2014 09:07:00 AM




Saturday, February 22, 2014

နာမည်ကျော် ဂျပန်ဖက်ရှင် မော်ဒယ်နှင့် Nico video gameကုမ္ပဏီ၏ ဂိမ်းဇာတ်ကောင် သရုပ် ဆောင်တစ်ဦးဖြစ်သူ ကေရိုဆာတို (Kayo Sato) ကသူမ၏ဘ၀အစစ် အမှန်မှာ အမျိုးသားတစ်ဦးဖြစ် ကြောင်း၊ အသက် ၂၂ နှစ်အရွယ် ရှိ ဂျပန်မော်ဒယ်ကလူအများကို ရှင်းလင်းပြောကြားသင့်သည်ဟု ခံစားရသောကြောင့် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

သူသည် သူ၏ဇာတိမြို့မှ ထွက်ခွာခဲ့ပြီး နာမည်ပြောင်းကာ အမျိုးသမီးတစ်ဦးအဖြစ်ဇာတ်မြှုပ် နေထိုင်ခဲ့ကြောင်း၊ မော်ဒယ်အေဂျင်စီ တစ်ခုမှသူ့ကိုရွေးချယ်ခဲ့သောကြောင့် အမျိုးသမီးကိုယ်ဟန်ပြမယ်တစ်ဦး အဖြစ်စတင်အသက်မွေးခဲ့ခြင်း ဖြစ်ကြောင်း၊ အေဂျင်စီမှမည်သူ တစ်ဦးတစ်ယောက်ကမှသူမကို သံသယမရှိခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့အဖြစ်မှန်ကိုထုတ် ဖော်ပြောဆိုလိုက်ခြင်းကြောင့် လက်ရှိသူ၏အောင်မြင်မှုအနေ အထားကိုထိခိုက်မှုမရှိကြောင်း သိရသည်။

Myawady News