မလေးတွင် ခူမီးအမျိုးသားတစ်ဦး အကြမ်းဖက်ခြင်းခံရ

ပို့စ်တင်ချိန် - 2/23/2014 02:06:00 AM


ကွာလာလမ်ပူ၊ ဖေဖေါ်ဝါရီ ၂၂ ---

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ဖေဖော်ဝါရီ ၂၀ရက်နေ့ညက ခူမီးအမျိုးသားတစ်ဦး အင်အားဖြင့် အကြမ်းဖက်ခြင်း ခံရကြောင်း သိရသည်။

အကြမ်းဖက်ခံရသော အသက် ၂၈နှစ်အရွယ် အိုက်သန်းရွေသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ….. ဇာတီ ခူမီး(ချင်း)အမျိုးသားတစ်ဦးဖြစ်ပြီး အင်ဒိုနီးရှားသားအကြမ်းဖက်သူများ ၅ဦးအဖွဲ့မှ မိမိအလုပ်လုပ်ကိုင်သော လုပ်ငန်းခွင်တွင် ၂၀ ရက်နေ့ ည ၈နာရီခန့်က အမှတ်မထင် ဓါးဖြင့်ခုတ်ထစ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပီကေစီအမှုဆောင် အိုက်ဖေအုပ်က ဆိုသည်။

“ဖြစ်ပြီးပြီးချင်း ဆေးရုံကိုတန်းသွားရမှာ ဆေးရုံကို အရင်မသွားဘဲ အတော်ဝေးတဲ့ ပီကေစီရုံးကို ပြေးလာတဲ့အတွက် ဒဏ်ရာကပိုပြီး ဆိုးသွားတယ်။ အစက ဖြစ်ပြီးပြီးချင်း ဆေးရုံပို့ခဲ့ရင် အနာပြန်ကောင်းအောင် ကုလို့ရမှာပါ။ အခုတော့ အသားတွေကို ထုတ်ပစ်လိုက်ရမယ်လို့ ပြောပါတယ်” ဟု ဆိုသည်။

အခင်းဖြစ်ပွားရခြင်းမှာ ယူအမ်ကဒ်ကို အတင်းတောင်းဆိုခြင်းကြောင့် ခုခံကာကွယ်ရာမှ အုပ်စုလိုက် အင်အားသုံးတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ပလက်ဝခူမီးကွန်မြူနီတီကို ပြေးလာပြီး ပီကေစီ၏ အကူအညီဖြင့် ဆေးရုံသို့ ပို့လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ အိုက်သန်းရွှေသည် HKL ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိပြီး၊ အဆိုပါတိုက်ခိုက်ခံရမှုကြောင့် မိမိ၏ယူအမ်ကဒ်၊ ငွေကြေးများ ပျောက်ဆုံးလျှက်ရှိကြောင်း ၊ အသက်အန္တာရာယ် မစိုးရိမ်ရတော့သော်လည်း ဒါရာကြောင့် ယခင်ကဲ့သို့ ပြန်လည်းကောင်းမွန်မလာမည်ကိုမူ စိုးရိမ်နေရသည်။

Credit To>>>Khumi Media Groups....Arakan News Now