အာဆင်နယ်သို့ ပြန်လာရန် ဘားကမ့်ကို ပရိသတ်များတောင်းဆို

ပို့စ်တင်ချိန် - 2/23/2014 09:04:00 AM




အာဆင်နယ်ဟာ အသင်းဂန္ထ၀င် ဘားကမ့်ကို ဂုဏ်ပြုတဲ့အနေနဲ့ အထိမ်းအမှတ်ရုပ်တုတည်ဆောက်ပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားမှာ ပရိသတ်တွေက အသင်းကို ဘားကမ့်ပြန်လာဖို့ ၀ိုင်းဝန်းတောင်းဆိုခဲ့ကြပါတယ်။ အာဆင်နယ်မှာ ၁၁နှစ်ကြာ ကစားခဲ့တဲ့ ဘားကမ့်ဟာ ၃၁၅ပွဲမှာ ၂၁၂ဂိုး သွင်းယူနိုင်ခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းမှာ လူငယ်နည်းပြလုပ်ဖို့ ပရိသတ်တွေကို သူ့ကိုတောင်းဆိုခဲ့ကြတာပါ။

ဘားကမ့်ဟာ အာဆင်နယ်မှာ ဂိုးတွေအများကြီး သွင်းနိုင်ခဲ့ပေမယ့် အာဆင်နယ် ကစားသမားဘ၀အစမှာတော့ ရုန်းကန်ခဲ့ရပြီး လေယာဉ်စီးရမှာ ကြောက်လို့ အဝေးကွင်းပွဲစဉ်တွေမှာ ကားနဲ့ပဲသွားတဲ့ အဖြစ်အပျက်ကတော့ ဘားကမ့်နဲ့ပတ်သက်ပြီး ပရိသတ်တွေ အမှတ်ရနေဆဲ ကိစ္စပါ။ အခုချိန်မှာ အေဂျက်စ်အသင်း လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ဘားကမ့်ကို လူငယ်အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ ပရိသတ်တွေက တောင်းဆိုခဲ့ကြပြီး တစ်ချိန်ချိန်ကျရင် အာစင်ဝင်းဂါးနေရာ အစားထိုးနိုင်မယ့်သူလို့ သုံးသပ်ခံထားရသူပါ။

@z (ရိုးရာလေး)