ရှေ့ယာဉ်အားကျော်တက်စဉ် အရှိန်မထိမ်းနိုင်ဘဲတိမ်းမှောက်သဖြင့် ဒဏ်ရာရ

ပို့စ်တင်ချိန် - 3/24/2014 03:20:00 PM


ရန်ကုန်၊ မတ် ၂၄

၂၃.၃.၂၀၁၄ရက်နေ့ ၁၁၃၅အချိန်တွင် ရွှေပြည်သာမြို့နယ်၊အမှတ်(၄)လမ်း အတိုင်း အင်းစိန်ဘက်မှရွှေပြည်သာဘက်သို့ ယာဉ်မောင်း ကျော်မင်းထွန်း၊ (၂၇)နှစ်၊(ဘ)ဦးထွန်းမြင့်၊ (၅၁)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်
နေသူ မောင်းနှင်လာသော 3E---- ကင်တာအဖြူရောင် အငှားယာဉ်
သည် စက်မှု(၇)လမ်းထိပ်အရောက်၌ ရှေ့မှမောင်းနှင်နေသောယာဉ်ကို
ကျော်တက်ရန် မောင်းနှင်စဉ် တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိပြီး အရှိန်မထိန်းနိုင်ဘဲလမ်းပေါ်တွင် တိမ်းမှောက်သွားခဲ့ပါသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာသူ
ရွှေပြည်သာမြို့နယ်နေ မတင်တင်အေးတွင် ၀ဲနားထင်ဖူးရောင်စုတ်ပြဲ၊ ၀ဲလက်ဖျံနှင့်လက်ကောက်ဝတ်စုတ်ပြဲဒဏ်ရာဝဲ၊ယာပါးပြင်ပေါက်ပြဲဒဏ်ရာ များရရှိခဲ့၍ အင်းစိန်ဆေးရုံ၌ အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရ ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းကျော်မင်းထွန်းကို
ရွှေပြည်သာမြို့မရဲစခန်းယာဉ် (ပ)၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police