Gear 2 နှင့် Gear Fit ဈေးနှုန်းများကို Samsung ကြေညာ

ပို့စ်တင်ချိန် - 3/24/2014 05:49:00 PM


ပြီးခဲ့သည့်လက Mobile World Congress တွင် မိတ်ဆက်ပေးခဲ့သည့် gadget သစ်များ၏ဈေးနှုန်းကို Samsung ကအတည်ပြ ကြေညာခဲ့သည်။



အဆိုပါ ထုတ်ကုန်သစ်များ၏ ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ၃၀၀ နှင့်ရောင်းချခဲ့သည့် မူလ Galaxy Gear ဈေးနှုန်းထက်လျော့နည်း သက်သာပြီး တန်ဖိုးအနေဖြင့် Gear 2 အတွက် အမေရိကန်ဒေါ်လာ ၂၉၅ နှင့် Gear Fit အတွက် အမေရိကန်ဒေါ်လာ ၁၉၇ ကျသင့်မည်ဖြစ်သည်။ သို့သော် Gear 2 Neo စမတ်နာရီ၏ဈေးနှုန်းကို Samsung ကကြေညာခဲ့ခြင်း မရှိပေ။



အချို့သော လက်လီရောင်းချသူများသည် Galaxy Gear ကို Note 3 နှင့်အတူ ရောင်းချကြပြီး အချို့သော Samsung ထုတ်ကုန်များတွင် အခမဲ့အနေဖြင့် ရောင်းချကြသောကြောင့် သုံးစွဲသူများအနေဖြင့် accessory တစ်ခုအတွက် အထက်ပါတန်ဖိုးအတိုင်း သုံးစွဲခြင်းရှိမရှိကို ဆက်လက်စောင့်ကြည့် ရဦးမည်ဖြစ်သည်။ ၎င်းထုတ်ကုန်များကို ဧပြီလတွင်ရောင်းချမည်ဖြစ်သည်။



-နောင်နောင်
Ref: TNW
Internet Journal