လူမှားပြီး အနီကတ် ပြမိသည့်အတွက် အာဆင်နယ်ကို ဒိုင်လူကြီး မာရီနာ တောင်းပန်

ပို့စ်တင်ချိန် - 3/24/2014 06:21:00 PM


လန်ဒန်၊ မတ် ၂၃

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သည့် ချယ်လ်ဆီးနှင့် အာဆင်နယ် အသင်းတို့၏ လန်ဒန်ဒါဘီပွဲစဉ်တွင် အာ ဆင်နယ်နောက်ခံလူ ကီရန်ဂစ်ကို မှားယွင်းထုတ်ပယ်ခဲ့မိသည့်အတွက် ယင်းပွဲစဉ်ကို ကိုင်တွယ်ခဲ့သည့် ကွင်း လယ်ဒိုင်လူကြီး အန်ဒရီမာရီနာက အာဆင်နယ်ကို တောင်းပန်ခဲ့သည်။

ချယ်လ်ဆီးအသင်းက ၆-၀ ဂိုး ဖြင့် အနိုင်ရရှိခဲ့သည့် ယင်းပွဲစဉ်တွင် ပွဲချိန် ၁၅ မိနစ်၌ ချယ်လ်ဆီးကွင်းလယ် လူ ဟက်ဇက်၏ ကန်သွင်းမှုကို အာဆင်နယ်တောင်ပံကစားသမားချိန်ဘာလိန်က လက်ဖြင့်ပုတ်ထုတ်ခဲ့ သည့်အတွက် ဒိုင်လူကြီးမာရီနာက ပင်နယ်တီပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့ပြီး လက်ဖြင့်ပုတ်ခဲ့သည့် ချိန် ဘာလိန်ကို ထုတ်ပယ်ရမည့်အစား နောက်ခံလူကီရန်ဂစ်ကို တိုက်ရိုက်အနီဖြင့် ထုတ်ပယ်ခဲ့သည်။ ချိန်ဘာ လိန်က ဒိုင်လူကြီးအား ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့သည်မှာ ၎င်းဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း မာရီနာ က အနီကတ်ပြစ်ဒဏ်ကို ပြောင်းလဲခဲ့ ခြင်းမရှိခဲ့ဘဲ နောက်ခံလူ ဂစ်အား ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ထိုပွဲစဉ်အပြီးတွင် ၎င်း၏ဆုံးဖြတ်ချက်အမှားအတွက် စိတ်ပျက်လက်ပျက် ဖြစ်မိကြောင်းနှင့် အာဆင်နယ် အသင်းကို တောင်းပန်ကြောင်း မာရီနာက ပြောကြားခဲ့သည်။

အောင်သုတ ဘာသာပြန်သည်။
Mizzima Burmese