အလောင်းတော်ကသပ ဘုရားဖူးပြန်လာသည့် ဒိုင်နာယာဉ် ချောက်ထဲ ထိုးကျ ၊ နှစ်ဦးသေဆုံး ၊၂၂ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 3/24/2014 09:14:00 AM



မုံရွာ၊မတ်၊၂၃

အလောင်းတော်ကသပ ဘုရားဖူးပြန်လာသည့် ဒိုင်နာယာဉ်တစ်စီးသည် မတ်လ၂၃ရက်နေ့ မွန်းလွဲ ၁နာရီဝန်းကျင်က သနပ်ခါးရေစခန်း အနီး ကုန်းဆင်းတွင် ရှေ့မှလာသော ဆိုင်ကယ်ကိုရှောင်ရာမှ အရှိန်လွန်ပြီး
လမ်း ၏လက်ယာက်ဘက် ရှိ ဝါးသုံးပြန်ခန့်နက်သော ချောက်အတွင်းသို့ ထိုးကျခဲ့ရာ ခရီးသည် နှစ်ဦးသေဆုံးပြီ ၂၂ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသော လူမှုကူညီရေးအသင်းဝင်များ၏ ပြောကြားချက်အရသိရသည်။

ချောက်ထဲထိုးကျခဲ့သည့်ဒိုင်နာယာဉ်မှာအမရပူရမြို့နယ်ယဉ်တော်ရွာမှ အသိနှင့်ဆွေမျိုးသားချင်းများစုပေါင်းပြီး အလောင်းတော်ကသပ ဘုရား ဖူးသွားရန် စုပေါင်းငှားလာသည့်ဒိုင်နာယာဉ်ဖြစ်ပြီး၊ကားပေါ်တွင်
ကလေး၊လူကြီးစုစုပေါင်း၂၆ဦးပါဝင်ခဲ့ကြောင်း ကားပေါ်တွင်
လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးကဆိုသည်။

သတင်းအပြည့်အစုံကို (မနက်ဖြန် )မတ်လ ၂၄ နေ့ထုတ် The VOICE သတင်းစာတွင်ဖော်ပြပေးပါမည်။

The Voice Weekly