အရက်၊ ဘီယာနှင့် ၀ိုင်အပေါ် အခွန်စည်းကြပ်ပုံ ပြောင်းမည်

ပို့စ်တင်ချိန် - 3/24/2014 05:19:00 PM


မြန်မာနိုင်ငံတွင်းက အရက်၊ ဘီယာနဲ့ ၀ိုင်ထုတ်လုပ်သူတွေအနေနဲ့ အခွန်ဆောင်ရာမှာ ဈေးနှုန်းလျော့ပြပြီး အခွန်သက်သာအောင် ဖန်တီးနေတဲ့အတွက် အခွန်စည်းကြပ်မှုပုံစံ ပြုပြင်မယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနရဲ့ ရန်ကုန်တိုင်းရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

နဂိုက အရက်စက်ရုံတွေကနေ ပြင်ပကို ဖြန့်ဈေးရဲ့ ၁၀၀ ရာခိုင်နှုန်း သတ်မှတ် အခွန်ကောက်ခံနေရာမှာ ဖြန့်ဈေးကို လျော့ပြပြီး အခွန်သက်သာအောင်လုပ်နေလို့ ပြင်ပ စတိုးဆိုင် ဈေးဆိုင်တွေမှာ ရောင်းတဲ့ ဈေးနှုန်းရဲ့ ၆၅ ရာခိုင်နှုန်းကို အခွန်စည်းကြပ်တော့မယ်လို့ ဆိုပါတယ်။

ဒီအတွက် အရက်ထုတ်လုပ်တဲ့ စက်ရုံတွေအနေနဲ့ ဈေးနှုန်းကို လိမ်လည်လို့ မရတော့ဘူးလို့လည်း တိုင်းရုံးအခွန်မှူးက ပြောပါတယ်။

ဒီလို ပြင်ပပေါက်ဈေးအပေါ် မူတည်ပြီး အခွန်ကောက်ဖို့အတွက် အရက်ထုတ်လုပ်တဲ့ စက်ရုံပိုင်ရှင်တွေနဲ့လည်း ညှိနှိုင်းဆွေးနွေးခဲ့ပြီး အခွန်ပိုမို တိုးတက်ရလာမယ်လို့ သူက ပြောပြပါတယ်။

DVB Burmese