MH370 လေယဉ်မထွက်ခွါမီ လေယာဉ်မှူးထံ လျို့ဝှက်စွာဖြင့် အမျိုးသမီးတစ်ဦး မှတ်ပုံတင်အတုဖြင့် ၀ယ်ထားသော ဖုန်းဖြင့် ဖုန်းခေါ်ခဲ့

ပို့စ်တင်ချိန် - 3/24/2014 09:20:00 AM



လေယာဉ် MH370 ပျောက်ဆုံးမှုဟာ လ၀က်ကျော် (၁၆ ရက်ကြာပြီးတဲ့နောက်) ပိုမိုလျို့ဝှက် နက်နဲလာတာ တွေ့၇ပါတယ်။ ဒီနေ့ ထွက်ပေါ်လာတဲ့ သတင်းသစ်တွေအရ လေယာဉ်မှူးဟာ 9/11 တုန်းကလို အကြမ်းဖက်သမား တစ်ဦးဖြစ်နိုင်တဲ့ အနေအထား တွေ့လာရပြီလို့ ဒေးလီးမေးလ် သတင်းစာက ဆိုပါတယ်။

လေယဉ်မှူး လေယာဉ်ပေါ် တက်ခါနီး အချိန်ပိုင်းလေးမှာ အမည်မသိ လျို့ဝှက် အမျိုးသမီးတစ်ဦးက လေယဉ်မှူး Zaharie Ahmad Shah ဆီကို ၂ မိနစ်ကြာ ဖုန်းခေါ်ခဲ့သေးပြီး သူမ ဟာ ဒီဖုန်း SIM ကဒ်ကို မှတ်ပုံတင် အတုနဲ့ တစ်ခါသုံးအဖြစ် ၀ယ်ယူသွားတာ ဖြစ်တာမို့ ရဲတပ်ဖွဲ့က ဒါကို စစ်ဆေး စုံစမ်းနေပြီ ဖြစ်ပါတယ်။ လေယာဉ်မှူးရဲ့ ဇနီးသည်ကို အဓိကထား စစ်ဆေးနေတာ ဖြစ်ပါတယ်။...

အမေရိကန် ညီနောင်မျှော်စင်ကို လေယာဉ်နဲ့ ၀င်တိုက်အကြမ်းဖက်ခဲ့တဲ့ 9/11 အကြမ်းဖက်မှု တုန်းကလည်း အကြမ်းဖက်သမားတွေကို ဆက်သွယ်တဲ့ ဖုန်းနံပါတ်တွေဟာ အခုလိုပဲ မှတ်ပုံတင် အတုတွေနဲ့ ၀ယ်ယူသွားတာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ဒီတော့ လေယာဉ်မှူးဟာ မတ်လ ၈ ရက်နေ့ကတည်းက ခရီးသည် ၂၃၉ ဦးနဲ့အတူ ပျောက်ဆုံးနေတဲ့ ဘိုရင်း 777 လေယာဉ်ကြီးရဲ့ ပျောက်ဆုံးမှု အဓိက တရားခံလား ဆိုတာ အားလုံးက သသယ ဖြစ်နေကြပါပြီ။ ခရီးသည်တွေရဲ့ ကျန်ရစ်သူ မိသားစုတွေကတော့ မလေးရှား အစိုးရကို ဆန္ဒပြ ဒေါသထွက်နေကြပါပြီ....

Read more: http://www.dailymail.co.uk/news/article-2587064/Probe-mystery-call-captain-doomed-jet-Unknown-woman-used-fake-ID-buying-phone-bypass-security-checks.html#ixzz2wf1dTPcR


Zaw Lwin Wi
Dawnmanhon