ဘောလုံးပရိတ်သတ်များ၏ အားပေးကြမ်းမှုကြောင့် ငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်

ပို့စ်တင်ချိန် - 1/03/2014 12:15:00 AM


မကြာသေးမီက ကစားခဲ့တဲ့ အမေရိကန်ဘောလုံးပွဲစဉ်မှာ အိမ်ရှင် Seattle Seahawks အသင်းပရိတ်သတ်တွေ ရဲ့ တခဲနက်အားပေးမှုကြောင့် ငလျင်အသေးစားတစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း ပစိဖိတ်အနောက်မြောက်ပိုင်း ငလျင်တိုင်းတာရေးအဖွဲ့ ကွန်ရက် က တာဝန်ရှိသူ ဂျွန်ဗီဒေးလ်က အတည်ပြုပြောကြားသွားခဲ့ပါတယ်။ ဒီလ အစပိုင်းက ကစားခဲ့တဲ့ Seattle Seahawks အသင်းနဲ့  New Orleans Saints အသင်းတို့ ရဲ့ အမေရိကန် ဘောလုံးပွဲစဉ်မှာ ကွင်းလုံးပြည့်လာအားပေးတဲ့ ပရိတ်သတ်တွေရဲ့ တုန်ခါမှုက ရစ်ခ်ျတာစကေး ၁ -၂ ကြားရှိတဲ့ ငလျင်အသေးစားတစ်ခုကို ဖြစ်ပေါ်စေခဲ့ကြောင်း ငလျင်တိုင်းတာရေးအဖွဲ့ က ကြေငြာခဲ့ပါတယ်။ သူတို့  အသင်း အနိုင်ရရှိလိုက်တဲ့အချိန်မှာ တစ်ပြိုင်တည်း အထက်အောက် ခုန်ပေါက်မှုနဲ့ အော်ဟစ်မှုတို့ ရဲ့ အရှိန်က ဒီငလျင်ကို ဖြစ်ပေါ်စေခဲ့တယ်လို့ တွက်ချက်ပြခဲ့ပါတယ်။ အိမ်ရှင် ဆီယက်တယ် အသင်းရဲ့ ကစားကွင်း CenturyLink Field ဟာလည်း ကမ္ဘာပေါ်မှာ ဆူညံမှုအဖြစ်ဆုံး ကစားကွင်း အဖြစ်စံချိန်တင်ထားပါတယ်။

Ref: unexplained-mysteries.com
Trend Myanmar