အသုံးပြုသူ ၄.၆ သန်း၏ အချက်အလက်များ ပေါက်ကြားခဲ့ဟု Snapchat အတည်ပြု

ပို့စ်တင်ချိန် - 1/03/2014 04:40:00 PM



=======

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း လူများစွာအသုံးပြုနေသည့် Snapchat usernames နှင့် ဖုန်းနံပါတ် ၄.၆သန်း ပေါက်ကြားခဲ့မှုကို Snapchat ကအတည်ပြုသွားခဲ့ကြောင်း သိရသည်။ Snapchat သည် blog spot ပေါ်တွင် အတည်ပြုမှုများ ပြုလုပ်ခဲ့သော်လည်း တောင်းပန်ခြင်းမရှိခဲ့ပေ။

Snapchat သည် Gibson လုံခြုံရေး၏ လုံခြုံရေး အစီရင်ခံစာတွင်ပါရှိသည့် အချက်အလက်များအပေါ် အတည်ပြုပြောကြားသွားခဲ့သည်။ Snapchat အနေဖြင့် လုံခြုံရေးစနစ်အတွင်း အားနည်းချက်ရှိသည်မှာ မကောင်းကြောင်း၊ စနစ် ပြင်းပြင်းထန်ထန် ထိခိုက်မိခြင်းသည် အရေးမကြီးကြောင်း Gibson လုံခြုံရေး၏ ပြောရေးဆိုခွင့် ရှိသူကပြောကြားသွားခဲ့သည်။

အဆိုပါ အချက်အလက်များကို တိုက်ခိုက်ခဲ့သူ ဟက်ကာများက မိမိတို့စိတ်ဆန္ဒအရ ယခုဖြစ်ပျက်နေသော ပြဿနာများ အပေါ် လူအများသိရှိစေရန် နှင့် တိုက်ခိုက်ခံရမှုများကို Snapchat အနေဖြင့် လူများဖိအားပေး ပြင်ဆင်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း TheVerge သို့ ပြောကြားသွားခဲ့သည်။ ယခုအခါ အချက်အလက်များသည် Snap chat ၏ database အတွင်းပြန်လည်ရောက်ရှိ နေပြီဖြစ်ကြောင်း သိရသည်။

Ref: VentureBeat
Internet Journal