မီရီရောက် မြန်မာအလုပ်သမားများထဲမှ ပထမ ၂၁ ဦး ပြည်တော်ပြန်မည်

ပို့စ်တင်ချိန် - 1/03/2014 08:52:00 AM



 ၂.၁.၂၀၁၄

မလေးရှား နိုင်ငံ အရှေ့ပိုင်း ဆရာဝပ် ဒေသ ၊ မီရီိ သို့ရောက်ရှိနေသာ အင်ဒိုနီးရှား နိုင်ငံသားများ၏ အုပ်စုဖွဲ့ အတိုက်ခိုက်မှုမှ ရှောင်တိမ်းနေရသော မြန်မာ အလုပ်သမား ၉၇ ဦး ထဲမှ ပထမဆုံး ၂၁ ဦးမှာ မကြာမီ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိတော့မည်ဖြစ်သည် ။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး မှ အလုပ်သမားရေးရာ တာဝန်ခံ ဦးစိုးဝင်းမှပြောကြားရာတွင် အလုပ်ရှင်သူဌေးမှ အလုပ်နစ်နာဆုံးရှုံးမှုအတွက် လျှော်ကြေးပြန်လည်တောင်းခံကြောင်း .. ထိုလျှော်ကြေးများ ကို အလုပ်သမားများအနေဖြင့် ပေးဆောင်ရန် များလွန်းသောကြောင့် အလုပ်ရှင်အား အလုပ်သမားများ အဆင်ပြေစွာ ပြန်နိုင်ရန် ထပ်မံညှိနှိုင်းနေရကြောင်း ..

သင်္ဘောကျင်းဖြစ်သည့်အတွက် သေင်္ဘောအားအလုပ်လက်ခံထားပြီး သောကြောင့် အလုပ်ရှင်မှ ဆက်လက်လုပ်ကိုင်နိုင်ရန် လုံခြုံရေးတာဝန်ယူမည်ဟု မလေးရှား အလုပ်ရှင်ဘက်မှ ညှိနှိုင်းလာသော်လည်း မြန်မာအလုပ်သမားများ မှ ပြန်ရန် အတွက်သာ ဆန္ဒရှိသောကြောင့် အားလုံးပြန်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ..

လက်ရှိ ပထမအသုတ်ဖြစ်သော ၂၁ ဦးအတွက် လက်မှတ် များဝယ်ယူထားပြီးဖြစ်ကြောင်း မီရီမှ ကေအယ်လ် ၊ ကေအယ်လ်မှ ရန်ကုန် ၂ ဆင့် ပြန်ရမည်ဖြစ်သောကြောင့် လက်မှတ်ခက်ခဲမှုများရှိသော်လည်း အဆင်ပြေသည့် ရက်အတွက် ၂၁ ဦးလုံးစာ လက်မှတ်ရရှိပြီဖြစ်ကြောင်း ဖြေကြားခဲ့ပါသည် ။

သို့ကြောင့် ပထမဆုံး ၂၁ ဦးသည် ယခုတစ်ပတ်အတွင်း မြန်မာပြည်သို့ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး ကျန်သူများမှာ ဒုတိယအသုတ်အဖြစ် ပြန်လည်ရောက်ရှိမည်ဖြစ်သည် ။

မလေးရှားရောက် မြန်မာများအတွက် ယခု အဖြစ်အပျက်မတိုင်မီကအပင် မလေးရှား ဆာဗ ၊ ဆရာဝပ် ဒေသ အကြောင်း ကျွန်တော်တို့ သတင်းတစ်ပုဒ်တင်ဆက်ပေးခဲ့သည် ...

ဆာဗ ၊ ဆရာဝပ် ဒေသသည် မြန်မာနိုင်ငံသားများ အလုပ်သွားရောက်လုပ်ကိုင်မည်ဆိုပါ အောက်ပါအချက်များကို အလျှင်စဉ်းစားရမည်ဖြစ်သည် ။

၁ ၊ သွားရေးလာရေး ခက်ခဲသောကြောင့် ပါမစ်သက်တမ်းတိုးရင်း အဆင်မပြေဖြစ်ကာ အိုဗာစတေး ဖြစ်ပါက ပြန်ရန် လုံးလုံးခက်ခဲမည်ဖြစ်သည် ။

၂ ၊ ပတ်စပို့သက်တမ်းတိုးရန် ဝေးကွာလွန်းခြင်း ၊ မြန်မာလူမှုအဖွဲ့အစည်း မရှိခြင်းတို့အပြင်၊ အလုပ်အကိုင် အဆင်မပြေပါက ပြန်လည် ပြောင်းရွေ့ရန်လွယ်မည်မဟုတ်ပါ ။

၃ ၊ အကြောင်းကြောင့်ကြောင့် ကျမ်းမာရေးရေးချို့တဲ့မည်ဆိုပါက ဘာသာစကားတတ်ကျွမ်းမှသာ အဆင်ပြေမည်ဖြစ်သည် ၊ မဟုတ်ပါက အလွယ်အကူညီတောင်းရန် မည်သည့်မြန်မာလူမှုရေးအသင်းအဖွဲ့မှ ရှိမည်မဟုတ်ပါ ။

၎ ၊ မည်သည့် ကိစ္စကြောင့်ဖြစ်စေ ၊ သက်ဆိုင်ရာ မြန်မာအဖွဲစည်းများသို့ အကူညီလှမ်းတောင်းပါက လေယာဉ်စီးလာမည်ဆိုလျှင်တောင် ဝေးကွာသောဒေသဖြစ်သည် ။

၅ ၊ ဆာဗ ၊ ဆရာဝပ် ဒေသသို့ အလုပ်သွားရောက်လုပ်ကိုင်မည်ဆိုပါက မိမိတွင် လုံးဝ အမှားအယွင်းမရှိ ၊ ပါမစ်အမှားမယွင်းမရှိ ၊ ပတ်စပို့ သက်တမ်းတိုးအဆင်ပြေမှသာလျှင် မြန်မာပြည်သို့ တရားဝင်ပြန်ရန် လွယ်ကူမည်ဖြစ်သည်မဟုတ်ပါက ရေကြောင်းခရီးဖြင့် တရားမဝင် အနောက်မလေးရှားသို့ လာရန်သာရှိသည် ။

ထို့အတူ အလုပ်သမားရေးရာတာဝန်ခံ ဦးစိုးဝင်းမှ မလေးရှား ဆာဗ ၊ ဆရာဝပ်ဒေသသို့ မြန်မာအလုပ်သမား ပို့ဆောင်ခြင်းကို ခွင့်မပြူခဲ့ကြောင်းလည်း ပြောကြားထားပြီးဖြစ်သည် ။

သို့ကြောင့် မလေးရှားရောက် မြန်မာများအနေဖြင့် မြန်မာပြည်ရှိ မိမိတို့၏ အွန်လိုင်း သူငယ်ချင်း ၊ ဆွေမျိုးသားချင်း ၊ သူငယ်ချင်းအပေါင်းသင်းများအား မလေးရှားနိုင်ငံအရှေ့ခြမ်း ဆာဗ ၊ ဆရာဝပ်သို့ သွားရောက်ရန် အလွယ်တကူ မဆုံးဖြတ်ဖို့ သတိပေးကြရန် လိုအပ်သည် ။

ဆက်လက်ပြီး သတင်းများရှိလာပါက ကျွန်တော်တို့ ဆက်လက်တင်ဆက်ပေးမည် ။
မလေးရှား (သတင်း)