အရပ်ပိုရှည်သောသူများက နှလုံးရောဂါဖြစ်နိုင်ခြေပိုနည်း

ပို့စ်တင်ချိန် - 1/03/2014 10:58:00 AM


အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်၊ Minnecupolis Heart Institute Foundation  မှ လေ့လာမှုတစ်ခုအရ အရပ်ပိုရှည် သည့်သူများမှာ နှလုံးရောဂါ ဖြစ်နိုင်ချေပိုနည်းသည်ဟု အဆိုပြုခဲ့သည်။ အဖွဲ့သည် အမျိုးသား နှလုံးကျန်းမာရေး စစ်တမ်းကောက်ယူမှု၌ နှလုံး သွေးကြောနှင့် နှလုံးကြွက်သားများပေါ်တွင် အဖတ်များ ဖြစ်ပေါ်စေ၍ သွေးကြောများ ပိတ်စေနိုင်သည့် သွေးအတွင်းရှိ Coronary Artery Calcium   ပမာဏကို စစ်ကြည့်ခဲ့ရာ အရပ်ရှည်သောသူများတွင်  CAC   ပမာဏ ၃၀%ပိုနည်းကြောင်း တွေ့ခဲ့ရသည်။ သွေးထဲ၌ CAC  ပမာဏ များနေခြင်းက နှလုံးသွေးကြော ရောဂါဖြစ်နိုင်ချေ ဆယ်စာပိုများကြောင်း သိရသည်။
အပိန်လေး
ref:Netdoctor.co.uk
Health Updates Journal