လက်ရွေးစင် အသင်း နည်းပြအား နိုင်ငံခြားသားကိုသာ ခန့်အပ်မည်

ပို့စ်တင်ချိန် - 12/28/2013 02:30:00 AM

====================================
ညီမိုဃ်း
=====================================
ရန်ကုန် ၊ ဒီဇင်ဘာ ၂၆ ။ ။ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လစ်လပ်လျက်ရှိသော မြန်မာ့ လက်ရွေးစင်အသင်းနည်းပြ နေရာ အတွက် ပြည်ပနည်းပြ ကိုသာခန့်အပ်သွားမည်ဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံး အ ဖွဲ့ချုပ်သည် မြန်မာယူ-၂၃ အသင်းနည်းပြ ပတ်ဆောင်ဟွာ အား ထုတ်ပယ်ခဲ့ပြီးနောက် အာရှယူ-၂၂ပြိုင်ပွဲအား ဝင် ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ -၂၂အသင်းအား ယူ-၁၉ အသင်းနည်းပြ ဂတ်ဆီဇီနှင့် အစားထိုးခန့်အပ်ခဲ့သည်။ ထို့ အပြင် ပတ်ဆောင်ဟွာသည် လက်ရွေးစင်အသင်း၏ နည်း ပြချုပ်အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ရာ ၎င်း၏နေရာတွင်အ စားထိုးရန်အတွက် ပြည်ပနည်း ပြတစ်ဦးအား ထပ်မံခေါ်ယူရန် စီစဉ်နေခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအ ဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ''ကျွန်တော်တို့အနေနဲ့ လက် ရွေးစင်အသင်းအတွက် နည်း ပြရာထူးအတွက် ပြည်ပသား တစ်ယောက်ကို ခန့်အပ်သွား မှာပါ။ အမှားအယွင်းမရှိဘဲ အ ကောင်းဆုံး နည်းပြ တစ်ဦးကို ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမှာ ပါ။ ဒါပေမဲ့ ဥရောပက နာမည် ကြီးနည်းပြတွေကိုတော့ ခေါ် ယူနိုင်မှာမဟုတ်ပါဘူး''ဟု ပြော ကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်အ သင်းသည်၂၀၁၄ခုနှစ်အတွင်း AFC Challenge Cup ပြိုင် ပွဲ၊ ဆူဇူကီးဖလားခြေစစ်ပွဲများ ယှဉ်ပြိုင်ရဦးမည်ဖြစ်သည်။

Yangon Media Group