အဆင့်မြင့် ကားပါကင် ဆောက်ရန် တင်ဒါခေါ်

ပို့စ်တင်ချိန် - 2/12/2014 01:46:00 AM


တင်ဒါ အာမခံကြေး ဒေါ်လာ ၁ သိန်း တင်ပြရမယ့် ရန်ကုန်မြို့ရဲ့ ပထမဦးဆုံး ယာဉ်ရပ်နား အဆောက်အဦ စီမံကိန်း ဆောက်လုပ်မယ့် တင်ဒါတွေ ခေါ်ယူထားတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

တင်ဒါအမျိုးအစား ၆ ခု ခေါ်ယူရာမှာ အဆင်မြင့် ယာဉ်ရပ်နားစခန်း ဆောက်ဖို့ စီမံကိန်း ၁ ခု၊ မြို့ပြအိမ်ရာနဲ့ ယာဉ်ရပ်နားစခန်း ၂ ခုနဲ့ မြို့ပြအိမ်ယာ စီမံကိန်း ၃ ခု ပါဝင်ပါတယ်။

ဒီ တင်ဒါကို ပြည်တွင်းဖြစ်စေ၊ နိုင်ငံခြား ကုမ္ပဏီဖြစ်စေ၊ ဖက်စပ်ဖြစ်စေ ဘယ်သူမဆို
ဝင်ရောက် ယှဉ်ပြိုင် တင်ပြနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ ကားပါကင် သီးသန့် အဆောက်အဦ ဆောက်လုပ်ထားတာ လုံးဝ မရှိတဲ့အတွက် ဒီတင်ဒါပါ စီမံကိန်း အကောင်အထည် ဖော်ဖြစ်ရင် ရန်ကုန်မြို့မှာ ပထမဦးဆုံး အဖြစ် အထပ်မြင့် ကားပါကင်တွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

DVB Burmese