သေမှုသေခင်းစစ်ဆေးရာမှ လူသတ်မှုပေါ်

ပို့စ်တင်ချိန် - 2/12/2014 05:14:00 PM


၁၁.၂.၂၀၁၄ ရက်နေ့ ၀၃၃၀ အချိန် ပုဇွန်တောင်မြို့နယ်နေ ကိုနိုင်ထွဋ်ခိုင်မှာ အရက်မူးလျက်နေအိမ်သို့ပြန်လာရောက်ရှိကာ သတိလစ်သွားသဖြင့် ရန်ကုန်ဆေးရုံကြီးသို့တင်ပို့စဉ် လမ်း၌သေဆုံးသွားခဲ့၍ ပုဇွန်တောင်မြို့မ ရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၄)ရေးဖွင့်ကာ စုံစမ်းစစ်ဆေးခဲ့ ပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဆေးစစ်ဆေးချက်များအရ ယာဘက် နားထင်ပိုင်းဦးခွံရိုးကျိုးဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး အခင်းဖြစ်နေ့ ၀၂၃၀ အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊  အထက်ပုဇွန်တောင်လမ်း၌ သေဆုံးသူအား မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက် နေသူများဖြစ်သည့် ကျော်ကြီး (ခ)အောင်ကျော်သန့်၊ ပြည့်ပြည့်(ခ)ပြည့်ဖြိုးမောင်၊ ကောင်းဇော်(ခ)ကောင်းဇော်ဇော်နှင့် ဗညား တို့(၄)ဦးမှ ၀ိုင်းဝန်း ထိုးကြိတ်ခဲ့ကြသဖြင့် ဒဏ်ရာရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ (ပ)၁၀၂/၂၀၁၄၊ ပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူကာ ပြစ်မှုကျူးလွန်သူ(၄)ဦးအား ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police