လွှတ်တော်သိက္ခာ ကျဆင်းစေမှု တိုင်တန်းဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း

ပို့စ်တင်ချိန် - 2/12/2014 01:19:00 AM


ပြည်ထောင်စု လွှတ်တော်က ချထားပေးတဲ့ ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် သိန်းတစ်ထောင်နဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လွှတ်တော်အတွက် သိက္ခာကျစရာတွေတွေ့ရှိခဲ့ရင် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော် မတီကို တင်ပြဖို့ ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းလိုက်ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အောက်ခြေမှာ ပူးပေါင်းဆောင်ရွက်တဲ့ လူမှုအထောက် အကူပြုအဖွဲ့တွေက ငွေကြေးကောက်ခံမှုတွေ ရှိနေတယ်လို့ ဒီနေ့ လွှတ်တော်ကို လာရောက်လေ့လာတဲ့ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေထဲက တချို့ကတင်ပြရာ မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြော လိုက်တာပါ။

“ရပ်ကွက်က လူတွေကနေပြီးတော့ လူသွားလမ်းကို ကားသွားလမ်းလေး ဖြစ်စေချင်လို့ လိုလိုလားလားနဲ့ အလှူငွေထည့်ရင်တော့ တမျိုးပေါ့နော်၊ မထည့်မနေရ လုပ်တာမျိုးဆိုရင် အဲဒါကတော့ မဖြစ်သင့်ဘူး၊ ဒီဖွံ့ဖြိုးရေး ရန်ပုံငွေဟာ လွှတ်တော်ကနေပြီးတော့ ချထားပေးတဲ့ ရန်ပုံငွေဖြစ်တဲ့အတွက် လွှတ်တော်အတွက် သိက္ခာကျတဲ့ကိစ္စမျိုး မဖြစ်စေချင်ဘူး၊ ပြည်သူတွေ နစ်နာလို့ရှိရင် လွှတ်တော်အတွက် သိက္ခာကျစရာဖြစ်မယ်၊ အဲဒါကြောင့်မို့ သေသေချာချာ အစီရင်ခံစာတင်ပြပါ”

မကြာသေးခင်က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်းတစ်ထောင်နဲ့ ပတ်သတ်ပြီး မဟုတ်မမှန်တာတွေ လုပ်ခဲ့တာရှိရင် အရေးယူဖို့ ပြောကြားခဲ့ပါတယ်။

RFA Burmese