စနေညပွဲစဉ် ရလဒ်များ-၃

ပို့စ်တင်ချိန် - 2/16/2014 12:39:00 PM


ဒီည ယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလား ပွဲတွေမှာတော့ ဆန်းဒါးလန်းနဲ့ ၀ီဂန်တို့ နိုင်ပွဲကိုယ်စီရရှိခဲ့ပြီး နောက်တစ်ဆင့် တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘွန်ဒက်စ်လီဂါပွဲတွေမှာ လည်း ၀ါဒါဘရီမင်ကလွဲလို့
နှစ်သင်းပေါင်း သွင်းဂိုးများခဲ့ပြီး (၄)ဂိုးသွင်းနိုင်တဲ့ အသင်း(၄)သင်းရှိခဲ့ပါတယ်။ ဘိုင်ယန်အတွက် ရှာကွီရီ နှစ်ဂိုးသွင်းနိုင်ခဲ့ပြီး ဒန်တီ၊ ပစ်ဇာရိုတို့ တစ်ဂိုးစီ သွင်းယူခဲ့ကြပါတယ်။ ဒေါ့မွန်အတွက် အူဘာမီယန် (၂)ဂိုး၊ လီဝန်ဒေါစကီးနဲ့ ဂျိုဂျစ်တို့က တစ်ဂိုးစီ သွင်းပေးခဲ့တာပါ။ နောက်ဆုံးကစား ခဲ့တဲ့ပွဲမှာ အယ်လ်မီရီယာကို ရှုံးခဲ့တဲ့ အက်သလက်တီကိုကလည်း ဗယ်လာဒိုးလစ်ကို ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

အက်ဖ်အေဖလား ပဉ္စမအဆင့်

ဆန်းဒါးလန်း ၁-၀ ဆောက်သမ်တန်

ရှက်ဖီး ပွဲရွှေ့ ချာလ်တန်

ကာဒစ်ဖ် ၁-၂ ၀ီဂန်

ဘွန်ဒက်စ်လီဂါ ပွဲစဉ်(၂၁)

ဘိုင်ယန်မြူးနစ် ၄-၀ ဖရိုင်းဘတ်

ဒေါ့မွန် ၄-၀ ဖရန့်ဖတ်

ဘရွန်ရှဝစ်ခ်ျ ၄-၂ ဟမ်းဘတ်

ဟော့ဖန်ဟိမ်း ၄-၁ စတုဂတ်

ဝါဒါဘရီမင် ၁-၁ ဂလာဘတ်

လာလီဂါ ပွဲစဉ်(၂၄)

အက်သလက်တီကို ၃-၀ ဗယ်လာဒိုးလစ်

@z (ရိုးရာလေး)