ခြေစမ်းပွဲကစားပေးရန် ဂျာနူဇတ်ကို ကိုဆိုဗိုအသင်း ဖိတ်ခေါ်

ပို့စ်တင်ချိန် - 2/16/2014 12:39:00 PM


မန်ယူ လူငယ်ကစားသမား ဂျာနူဇတ်ကို ကိုဆိုဗိုအသင်းက ခြေစမ်းပွဲကစားပေးရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
ကိုဆိုဗို- အယ်လ်ဘေးနီးယား မိဘနှစ်ပါးမှ မွေးဖွားလာခဲ့သည့် ဂျာနူဇတ်မှာ ဘိုးဘွားများကြောင့် နော်ဝေအသင်းကိုကိုယ်စားပြုနိုင်ပြီး မွေးရပ်ဒေသ
ကြောင့် ဘယ်လ်ဂျီယံအသင်းတွင် ပါဝင်ကစားခွင့် ရှိနေသည်။ ထို့အပြင် ကိုဆိုဗို၏ လွတ်လပ်ရေးကို အမေရိကန်မှ အသိအမှတ် မပြုသေးသည့်အတွက် ဆားဗီးယားအသင်း၌ ပါဝင်ခွင့်ရှိသည်။

သို့သော် ကိုဆိုဗိုအသင်း အထွေထွေအတွင်းရေးမှုး ဆာလီဟူက ကိုဆိုဗို နိုင်ငံသားများကို ကျေးဇူးဆပ် သည့်အနေဖြင့် ခြေစမ်းပွဲ ကစားပေးသင့်ကြောင်း ဖွင့်ဟထားသည်။ ကိုဆိုဗိုမှာ မတ်လ ၅ရက်နေ့တွင် ဟေတီနှင့် ခြေစမ်းပွဲ ကစားရန် ရှိနေပြီး အဆိုပါပွဲစဉ်တွင် ပါဝင်ကစားရန် ဂျာနူဇတ်ကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

@z (ရိုးရာလေး)