လှိုင်မြို့နယ်၌ အုတ်နံရံအနီးတွင်ပေါက်နေသော ညောင်ပင်ပြိုလဲရာမှ ဘုန်းကြီးကျောင်းဆောင်ပေါ်သို့ပိမိသဖြင့် သံဃာ(၁)ပါး ပျံတော်မူ၊ (၁)ပါးဒဏ်ရာရ

ပို့စ်တင်ချိန် - 4/28/2014 02:42:00 PM


ရန်ကုန်၊ ဧပြီ ၂၈

၂၈.၄.၂၀၁၄ ရက်နေ့ ၀၃၃၀ အချိန်တွင် လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်း၊ ဇေယျမင်္ဂလကျောင်းတိုက်ဝင်းနှင့်ကပ်လျက်ရှိ စက်မှုဝန်ကြီးဌာနပိုင် လွယ်ဟိန်းကုမ္ပဏီမှငှားရမ်းထားသော ဘီစကွတ်
စက်ရုံခွဲ(၂)၀င်းအတွင်းမှ နှစ်ပေါင်း(၆၀)ခန့်သက်တမ်းရှိ အဆောက်အဦ
အုတ်နံရံအနီး၌ကပ်ပေါက်နေသော ညောင်ပင်ပြိုလဲရာမှအစပြုပြီး အုတ်နံရံ အလျား(၁၂၀)ပေ၊ အမြင့်(၂၅)ပေခန့်မှာပြိုကျခဲ့ပါသည်။

ထိုသို့အုတ်နံရံပြိုကျခဲ့သဖြင့် ဇေယျမင်္ဂလကျောင်းတိုက်ဝင်းအတွင်းရှိ
သံဃာများသီတင်းသုံးနေထိုင်သော အလျား(၉၀)ပေ၊ အနံ(၃၀)၊ အမြင့်
(၁၅)ပေခန့်ရှိ သွပ်မိုး၊ အုတ်ကာ (၁)ထပ်အဆောင်ပေါ်သို့ပိမိခဲ့ရာ
ကျောင်းဆောင်အတွင်း၌ ကျိန်းစက်နေသော အရှင်စန္ဒောဘာသ သက်တော်(၅၀)နှစ်၊ ၀ါတော်(၇)၀ါမှာ အုတ်နံရံပိ၍ အခင်းဖြစ်နေရာတွင် ပျံလွန်တော်မူခဲ့ပြီး အရှင်ခေမာသီရိ သက်တော်(၄၀)နှစ်၊ ၀ါတော်(၇)၀ါတွင် တံတောင်ဆစ်ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပါသည်။

ယင်းကဲ့သို့ အုတ်နံရံပြိုကျခဲ့ရာမှ အရှင်စန္ဒောဘာသ ပျံလွန်တော်မူခြင်းနှင့်
ပတ်သက်၍ လှိုင်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၇/၂၀၁၄)ဖြင့်
ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police