အာရှတွင် eCommerce ဈေးကွက်ဖန်တီးရန် Rocket Internet နှင့် Ooredoo ပူးပေါင်း

ပို့စ်တင်ချိန် - 4/28/2014 03:04:00 PM


ကာတာဆက်သွယ်ရေး ကုမ္ပဏီ Ooredoo နှင့်စွန့်ဦးတီထွင်ကုမ္ပဏီ Rocket Internet တို့သည် အာရှတွင် အွန်လိုင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင် ရန်ပူးပေါင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီနှစ်ခုသည် Asia Internet Holding ကိုပါကစ္စတန်၊ မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် သြစတြေးလျနိုင်င်ငံများတွင် တည်ထောင်ရန် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကုမ္ပဏီ၏လုပ်ငန်းများသည် အွန်လိုင်းတွင် ပစ္စည်းများရောင်းချခြင်းနှင့် ဈေးဝယ်ယူရန် ငွေပေးချေသည့် ဝန်ဆောင်မှုများကို ဆောင်ရွက်သွားမည်ဖြစ်သည်။ Ooredoo သည် မိုဘိုင်းအခြေခံ အဆောက်အအုံများပေါ်တွင် လုပ်ကိုင်သွားမည်ဖြစ်ကာ Rocket အနေဖြင့် ၎င်း platform များတွင်သုံးစွဲသူများ စမတ်ဖုန်းသစ်ဝယ်ယူနိုင်ရန် ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။

Rocket ကုမ္ပဏီသည် ဖွံ့ဖြိုးဆဲနိုင်ငံမှ eCommerce နည်းဗျူဟာများကို လက်တွေ့ဆောင်ရွက်နေကာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၎င်းနည်းဗျူဟာများကို အသုံးချလျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ လက်ရှိ Rocket ၏ အောင်မြင်စွာ လုပ်ကိုင်နေသည့် လုပ်ငန်းများတွင် Lamudi, Pricepanda နှင့် Easy Taxi အပြင်အခြား လုပ်ငန်းများစွာကိုလည်း အောင်မြင်စွာလုပ်ကိုင်နေသည်။

-စိုးထက်
Ref: TechInAsia
Internet Journal