Mobile Application နဲ့ကြင်ယာရှာနေတဲ့ Katy Perry

ပို့စ်တင်ချိန် - 4/28/2014 08:59:00 AM


Katy Perry တစ်ယောက် Tinder ပေါ်မှာ ကြင်ယာရှာနေပါပြီ။

ချစ်သူဟောင်း John Mayer နဲ့ ၂ နှစ်တာ ကွဲလိုက်ပြန်ပေါင်းလိုက် ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလမှာတော့ လုံးဝကိုပြတ်ဆဲခဲ့တဲ့ Katy Perry ဟာ တစ်ယောက်နဲ့တစ်ယောက်နှစ်သက်တဲ့သူတွေကို ချိတ်ဆက်ပေးတဲ့ mobile dating application Tinder ကိုသုံးပြီး အနာဂတ်ရဲ့ချစ်သူကိုရှာဖွေရတာ နှစ်သက်ကြောင်းပြောပါတယ်။

ရည်းစားလက်မဲ့ဖြစ်နေသေးလားလို့မေးတဲ့အခါမှာတော့ Katy က ‘အင်း။ ဟုတ်ပါတယ်’ လို့ ပြောပါတယ်။

‘Tinder ထဲကိုထဲထဲဝင်ဝင် ၀င်ရောက်နေတဲ့အတွက် ကျွန်မမှာအချိန်သိပ်မရှိဘူး’ လို့ပြောပါတယ်။

Katy ဟာ ခင်ပွန်းဟောင်းဖြစ်သူ Russell Brand နဲ့ ၁၄ လကြာလက်ထပ်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ ကွာရှင်းပြတ်ဆဲခဲ့ပါတယ်။ အဲဒီ့နောက် အဆိုတော်/တေးရေး John Mayer နဲ့တွဲခဲ့ပြီး သူတို့နှစ်ယောက်ကြား တစ်စုံတစ်ခုမှားယွင်းနေပါတယ်လို့ဆိုပြီး John ကိုဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီ့လမ်းခွဲမှုနောက်ပိုင်းမှာတော့ Katy က John ကိုစကားမပြောတော့ပါဘူး။

Trend Myanmar