ယူနတီဂျာနယ်သတင်းထောက်များကို ၈ ကြိမ်မြောက် ရုံးထုတ်

ပို့စ်တင်ချိန် - 4/28/2014 12:49:00 PM

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ ရုံးထုတ်စဉ်က (ဓာတ်ပုံ -  Robert San Aung's) 

နိုင်ငံတော်လျှို့ဝှက်သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး အမှုဖွင့် တရားစွဲဆိုခံရတဲ့ ယူနတီဂျာနယ် သတင်းထောက်တွေ ဒီကနေ့ မနက်ပိုင်းကနေ စပြီး ပခုက္ကူမြို့တရားရုံးမှာ ၈ ကြိမ်မြောက် ရုံးထွက် စစ်ဆေးခံနေရကြောင်း ယူနတီဂျာနယ်သတင်းထောက် ဦးရာဇာဦးရဲ့ အမျိုးသမီး ဒေါ်သိဂီ င်္ထွန်းက ပြောပါတယ်။

မျက်မြင်သက်သေ ၄ ဦးကို စစ်ဆေးမှာ ဖြစ်တဲ့အတွက် ညနေပိုင်းအထိ ကြာနိုင်ပြီး ရန်ကုန်က ရှေ့နေတွေတော့ အခုတကြိမ် သွားရောက်ခြင်းမရှိဘူးလို့ သူက ဆိုပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ် အနီး တည်ဆောက်ထားတဲ့ ဓာတုစက်ရုံအကြောင်း ရေး သား ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ယူနတီဂျာနယ်ရဲ့ နယ်ခံသတင်းထောက် အပါအ၀င် အမှုဆောင် အယ်ဒီတာချုပ်၊ အကြီးတန်းသတင်းထောက် ၂ ဦးနဲ့ သတင်းထောက် ၁ ဦးကို အခုနှစ် ဖေဖော်ဝါရီ လကတည်းက ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

DVB Burmese